Part 8

1.1K 97 3
                                    

Unicode Version

"ဝေါ့"

"အဟွတ် အဟွတ်"

လမ်းဘေးတနေရာ ကားအမြန် ရပ်ခိုင်းပြီး ကားပေါ်မှ ဆင်းပြေးရတဲ့ ဘဝ။ ရင်ထဲမှာ ပူလောင်ပြီး နှလုံးတုန်ကာ အစာအိမ်မှ အစာများ ပျို့တက်လာသည့် အတွက် ရောက်ရာ နေရာမှာတင် ထိုးအန်ရသည်။

ယာမကာ သောက်ထားသည့် အရှိန်ကြောင့် ဖြစ်မည်။ ထိုသို့ သောက်ထားလျင် ။အိပ်ပျော် နေရင်တော့ ဘာမှ မဖြစ်ဘူး။ နိုးလာရင်တော့ အမူးမပြေ သေးရင် အန်မည်သာ။

ဒီလိုတွေကြောင့် သူမ မသောက်ခဲ့တာ မဟုတ် လား။

"အဟွတ် အဟွတ် ဝေါ့"

ညနေ စားထားသမျှ ကုန်စင်အောင် အန်ပြီးတော့ မူ‌းနောက်သွားသည်။ ကိုမိုး ရေသန့် ဗူး လာပေး၍ ဖွင့်ပြီးမော့ကာ အာလုပ်ကျင်း သည်။

ထရပ်နိုင်ဖို့ကို အတော်ကြိုးစားနေရသည်။

"သူဌေး အဆင်ပြေရဲ့လား"

"တော်တော်ဆိုးတာပဲ ခံရခက်လိုက်တာ။ အမူးပြေမယ့် တခုခုလောက် မရှိဘူးလား"

ပျားရည်ဖြစ်ဖြစ် အမူးပြေစွပ်ပြုတ် ဖြစ် ဖြစ်ပေါ့။ ကိုမိုးက ကားရပ်ထားရာ နေရာ ဝန်းကျင်ကို အကဲခက်သည်။

"အရှေ့နားမှာ။စတိုးဆိုင်ရ‌ှိတယ် သူဌေး ကျွန်တော် သွားလိုက်မယ်"

လင်းရိပ် ခေါင်းမထောင်နိုင်။ ခေါင်းညိတ်ပြီး ဝန်းကျင်ကို ကြည့်သည်။ လမ်းဘေးမီးတိုင်မှ မီးအလင်းရောင်သာ ရှိသည်။

အချိန်စောသေးတော့ ကားအသွားအလာများလဲရှိသည်။ လေအေးအေး လေးကြောင့် နည်းနည်းတော့ အမူးပြေလိမ့်မည်။

ကိုမိုး ပြန်မလာခင် ကားထဲ ဝင်နေတာ ကောင်းမည်။ သို့သော် မူးနေတာဆိုတော့ လေရဖို့က လိုသေးသည်။

အရမ်းမကြာပါ။ ကိုမိုး အပြေး‌တပိုင်းနဲ့ ပြန်ရောက်လာသည်။ ရေနွေးဗူးလေးကို လက်က ကိုင်ထားသည်။

"သူဌေး ဒီမှာ၊ လီမွန်တီးကလဲ အမူးပြေပါတယ်"

လင်းရိပ် လှမ်းယူပြီး ရေနွေးဗူးကို ဖွင့်ကာ အငွေ့တထောင်းထောင်းနဲ့မို့ အနည်းငယ် မှုတ်ပြီး မော့ သောက်သည်။

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Tempat cerita menjadi hidup. Temukan sekarang