Part 27

1.2K 94 16
                                    

Unicode Version

"ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ တချို့ကတော့ ပြည့် သွားပြီ။ ကိုယ်ရည်ရွယ်ခဲ့တာကလဲ မင်းကို အပိုင်ရဖို့၊ နန်းမွန်းကို ရှင်းပစ်ဖို့"

လင်းရိပ် အိပ်ရာပေါ်မှာ ထိုင်နေသည်။ နိူးထ လာချိန် ကိုယ်လုံးတီး အနေအထားနှင့် အောက်ပိုင်းက နာကျင်မှု တချို့ ကြောင့် ကိုယ့် အခြေအနေ ကို နားလည်သော်လဲ။

သခင့်ကို ထိခိုက်စေဖို့တော့ ခွင့်မပြုပါ။

"နန်းမွန်း ရောက်လာတော့မယ်၊ ဘာအားကိုးနဲ့ ပြောတဲ့ စကားတည်လဲတော့ မသိဘူး။

သူရောက်တာနဲ့ သတ်ပစ်ဖို့ စီစဉ်ထားတာ ဆိုတော့ သွေးထွက် သံယိုကိစ္စတွေကို မင်း မကြည့်သင့်ဘူး။

ဒီမှာပဲ အေးအေးဆေးဆေးနေ။ နန်းမွန်း မရှိတော့ ရင် ကိုယ်တို့ လက်ထပ်လို့ ရပြီ"

လင်းရိပ် အံကြိတ်ထားသည်။ ဘာတခွန်းမှ ပြန်မပြော။ ထိုအနေအထားကို  ကြည့်ပြီး ဂျက်စဖာ က

"မင်းမသိသေးတာ ရှိသေးတယ်၊"

ဂျက်စဖာက ပြုံးသည်။ ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ

"နန်းမွန်းက ကိုယ့်ရဲ့သမီး"

ဘယ်လို။ လင်းရိပ် ဆက်ခနဲ လှည့် ကြည့် လာသည်။ အာရုံစိုက်သွားပြီပေါ့။ ဂျက်စဖာက တချက်ရယ်ရင်း

"အဲတာက လွန်းတစ်ယောက်ပဲ သိတဲ့ လျို့ဝှက်ချက်။ သူ့ယောက်ျား အောင်ဒီပါ ကိုယ်တိုင် မသိတဲ့ အရာမို့၊ ဘာဖြစ်ဖြစ် ဒီကလေးက သေကိုသေရမှာမို့"

လင်းရိပ် နူတ်ခမ်းကိုက်ထားကာ အသားများ ပင် တဆက်ဆက် တုန်လာသည်။ ကိုယ့် သွေးသားကို အခုလို။

ဘယ်လိုလူလဲ။ ဒီလူက။ ဘာကြောင့် ရက်စက် တာလဲ။ သခင့်ကို သတ်ပစ်ဖိူ့ အထိ ဘာကြောင့်ညစိတ်ကူးနိူင်ရတာလဲ။ မဟုတ်ဘူး။

ဒီလူရဲ့ ကလေစဆိုတာ မဖြစ်နိုင်ဘူး။ တကယ်မ ဟုတ်ဘူး။ ပြီးတော့ သခင် သိလို့ မရဘူး။ ဒီလောက် အောက်တန်းကျ ယုတ်ညံ့ တဲ့သူက သူ့ရဲ့ ဖခင် အရင်းဆိုတာ။

"လာပြီ"

လင်းရိပ် အိပ်ရာပေါ်မှ အမြန်ဆင်းကာ ဝရံတာ ဆီသို့တဟုန်ထိုးပြေးထွက် သွားသည်။ အမှန်ပင်။ ခြံဝန်းတံခါးဝကနေ လှမ်းဝင်လာသည့ သခင့်ကို တွေ့လိုက်တော့

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now