Part 22

1.7K 99 12
                                    

Unicode Version

တညလုံး ကမ်းခြေမှာ အရက် ထိုင်သောက် ခဲ့ပြီး ဘယ်အချိန်မှ အခန်းကို ပြန်ရောက်လဲ မမှတ်မိတော့ပေ။

နိုးလာချိန်မှာတော့ မနက်ပိုင်းဆိုသည်ထက် နေ့လည်ဘက်ကို ရောက်လုနေသည်။ အရက် ဘယ်လောက် သောက်သောက် သိပ်မမူး တက်၍ အိပ်ရာက ထသည့် အချိန်မှာလဲ အရက်နာ ကျသည့် အဆင့်တော့ မရောက်။ အနည်းငယ် ထိုင်းမှိုင်းရုံ။

သက်ပြင်းချပြီး ကုတင်ပေါ်မှ ဆင်းလာသည်။ ကုတင်ဘေးမှာ ပုလင်းတဝက် ခန့်ရှိသည့် အရက်။

ဘယ်နလုံးမြောက်လဲ မသိပေမယ့် ထိုပုလင်းကို ဆွဲပြီး အခန်းထဲက ထွက်လာသည်။ မား သွားခဲ့ပြီလား။ အပေါ် တထပ်ကို ဖြေးဖြေး ချင်း တက်လာပြီး မားရဲ့အခန်းတံခါးကို ဖွင့် လိုက်ချိန်မှာတော့ သပ်သက်ရက်ရက် ခေါက်ထား သည့် အိပ်ရာ။

သွားလိုက်ပြီပဲ။ သူ ကိုယ်တိုင် လွတ်ပေး လိုက် သည် မဟုတ်လား။ နောင်တမရပါဘူး။ ဒီထက် ပိုဆွဲထားလို့လဲ မားက သူ့အပေါ် နားလည် ပေးနိုင်မှာ မဟုတ်ဘူး။

ဆိုတော့ သွားခွင့်ပေးလိုက်တာ အကောင်း ဆုံး ဖြစ်မှာပါ။ မားရဲ့ အခန်း ထဲ ဝင်ပြီး လှည့်ပတ် ကြည့်ကာ လသာဆောင် ဘက် ထွက်လာ သည်။

ပင်လယ်ပြင်ကို မျက်စိတဆုံး မြင်ရသည့် နေရာ လေးမို့ နံရံကို မှီပြီး ထိုင် ချလိုက် တော့ သည်။

လှိုင်းလုံးများ တလိတ်လိတ် တက်လာပြီး သဲသောင်ပြင်ပေါ်တွင် ဝပ်ဆင်းကာ အဖြူရောင်အမြှုတ်လေးများ တင်ကျန်လျက် ပြန်လည်ဆုတ်ခွာသွားသည့် ရေလှိုင်း တွေက ထပ်ခါတလဲလဲ ဖြစ်တည်နေသည်။

အရက်ကို ထပ်မံ မော့ သောက်ရင်း အချိန်ကုန်စေသည်။ ဒီညတော့ မားရဲ့အခန်းထဲမှာပဲ နေမယ်။ ရန်ကုန်ပြန်ဖို့ ဆိုတာ သူ့အတွက် အင်မတန် ခက်ခဲ မှာပါ။

ဒီမှာ အချိန်ဘယ်လောက်ထိ နေသွားမယ်။ ဘာတွေလုပ်မယ်ဆိုတာ။ သူမ အ‌တွက် အရာအားလုံး လမ်းစပျောက်နေသည်။

ဆံပင်တွေကို စုထုံးပြီးချည်သည်မှာ ကပိုကရို။ အတွေးထဲ ဘာမှ မရှိသည့် အနေအထားထိ။ ဗလာ အခြေအနေကို ဖန်တီး ရယူဖို့ အချိန်လို အပ်နေသည်။ ဒီတရပ် ကတော့ မားအတွက်။ သောက်မယ်။

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now