Part 30 End

3.6K 158 21
                                    

Unicode Version

ဂျက်စဖာ။

သူ့ဘေးမှာ အိပ်ပျော်နေသည့် သူမကို ငေး ကြည့်နေသည်။ သက်ပြင်းချရင်း မျက်နှာလွှဲကာ ကုတင်ပေါ်မှ ဆင်းခဲ့တော့ သည်။

သူမ အတိတ်မေ့နေသည်က ဂျက်စဖာ အတွက် ကောင်းမွန်သည့် အရာဆိုပေမယ့် အတိတ်ကို ပြန်လည်သတိရလာပြီဆိုရင်တော့ သူ့ကို လက်ခံပါ့မလား။

ယခုလို ဘာမှ မသိသေးသည့် အခြေအနေမှာ ပိုင်ဆိုင်ခွင့်ရပေမယ့် ဂျက်စဖာ ဖြစ်စေချင် သည်က ထိုသို့ မဟုတ်ပါ။

သူမရဲ့မူလ စိတ်ရင်းကိုမှ လက်မခံနိုင်သည့် အခြေအနေမှာ အတင်းအကြပ် ပိုင်ဆိုင်ရယူ ခြင်းက ထိုသူရဲ့ မာနကို ရိုက်ချိုးနိုင်သလို တဘဝလုံး အပြစ်ရှိတဲ့ စိတ်နဲ့ သူ့ဘေးမှာ နေထိုင် သွားစေချင်သည်က သူ့ဆန္ဒပင်။ ထို့ကြောင့် လင်းရိပ်အာရုဏ်ဦးဆိုတာ သေလို့မရသလို တခြားသူဘေးမှာဆိုရင် အသက်ရှင်ခွင့်မပေးသင့်တဲ့ သူပင်။

ဒါက လွန်းရဲ့သမီးကို ပြုစု‌ပျိုးထောင်ပေးခဲ့သည့် တန်ကြေးဆိုရင် ကြည်ကြည်ဖြူဖြူ လက်ခံပါလိမ့်မည်။

ယခုတော့ ဂျက်စဖာ မပိုင်ဆိုင်ချင်။ တနည်း လွယ်လွန်းရင် ပေါသွားတက်သည်။ သည်တော့ ခက်ခဲသည့် အချိန်ကို စောင့်ဖို့က  လင်းရိပ်အသက်ရှင်နေဖို့ပင်။

မိန်းမတစ်ယောက်က သူ့အတွက် ဘယ်လောက် အကျိုးပြုနိုင်လဲဆိုတာ မကြာခင် သိရတော့မည်။

သူနဲ့ လင်းရိပ်ရဲ့ လက်ထပ်ပွဲမှာ ကကြိုးသခင် ရဲ့နောက်ဆုံးအချိန်ကို မြင်ရလိမ့်မည်။  ထိုအချိန်မှ လင်းရိပ် အတိတ်ကို ပြန်လည် သတ်ရလာမည်ဆိုလျင် အကောင်းဆူဲးဖြစ်ပါလိမ့်မည်။

အခန်းထဲက ထွက်လာခဲ့သည်။

"ဆရာ အားလုံးစီစဉ် ပြီးပါပြီ။ ဝတ်စုံ အတွက် ပဲလိုပါ‌တော့တယ်"

ဝတ်စုံ။ မင်္ဂလာဝတ်စုံလား။ တကယ်တော့ ဌားဝတ်လိုက်ရင်ကို ပွဲဖြစ်မြောက် သွားနိုင်တယ် မဟုတ်လား။

ထိုါကြောင့်

"ဆိုင်တဆိုင်မှာ လှမယ်ထင်တဲ့ တစုံ ဌားဖို့ စီစဉ်လိုက်"

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now