Part 18

1.4K 96 9
                                    

Unicode Version

"သခင်"

"တော် ...တော်တော့ အဲ့တာ ဘာလုပ်"

နမ်းတာ နမ်းလို့ရတယ်။ လက်က ဘာလို့ သူမကိုယ်ပေါ် ပိုးကောင်ပြေးသလို ဘာလို့လျောက်ပြေးနေတာလဲ။

"သခင်"

ဆိုတော့မှ သခင် မားရဲ့အပေါ်မှ ဖယ်ခွာ လိုက်သည်။ ပြီးတော့ ပြုံးသည်။ မားရဲ့ဘေးမှာ လှဲ အိပ်ရင်း

"နမ်းတာ အာရုံပျက်တယ်"

လင်းရိပ် မျက်စောင်းထိုးလိုက်သည်။ မိမိ ထက် ငယ်တဲ့ သူမို့ အလျော့ပေးနေခဲ့တာ။ ပိုပိုပြီး ရဲတင်းလာသည်။ ပါး။ နူတ်ခမ်း။ အဲ့လောက်ဆို ရပြီလေ။

အခုက လည်တိုင်တွေကော နောက်ဆို အောက်ပိုင်းရောက်တော့မယ်။ မပြောလိုက်ချင်ဘူး။

ဘေးတစောင်းအိပ်ပြီး။သူမကို စိုက်ကြည့်ကာ

"မား တကယ်ရှေ့ဆက်လို့ မရသေးဘူးလား"

ချစ်သူတွေ ဖြစ်တယ်၊ အရင်ကနဲ့ ဘာကွာ သွားလဲဆိုရင် သခင့်ရဲ့ အမူအယာတွေက ရဲတင်းလာတယ်၊

လက်ရဲဇက်ရဲပင်။ လူရှေ့မရှောင် သူရှေ့မရှောင်။ တကယ်ပဲ။

ထို့ကြောင့် လင်းရိပ်က လှည့်ကြည့်ပြီး

"မားကို ချစ်တယ်လို့ ပြောတာက ခန္ဓာကိုယ် ကိုပိုင်ဆိုင်ချင်ရုံသက်သက်လား"

သခင် မျက်နှာ ပျက်မသွားပါ။ ငေးကြည့်နေရင်းက

"ဘယ်ဟုတ်မှာလဲ။ သခင့်အပိုင် ဆိုပြီး တံဆိတ်ရိုက်နှိပ်ချင်နေလို့၊

ပြီးတော့ ပိုပြီးချစ်ချင်တယ်၊ မား မသိသေးလို့ ပါ။ တကြိမ်လောက် အတူတူနေပြီးရင် နောက်ဆို ခွင့်တောင်းနေစရာလိုမယ် ထင်ဘူး၊ မားခံစားတက်သွားလိမ့်မယ်"

"တော်ပါ"

တွေ့လား။ ချက်ချင်းငြင်းတာ။ သခင်က

"လက်တွေ့မစမ်းသပ်ကြည့်ဘဲ ဘယ်လိုလုပ် သိမှာလဲ"

လင်းရိပ်က အကြည့်လြွှဲလိုက်သည်။ သက်ပြင်း ချရင်း

"သခင့်ရဲ့ မေမေ ပြောဖူးတာ ရှိတယ်၊ တခါတလေ အချစ်က အနီးလေးမှာ ရှိပြီး ဝေးနေတက်တယ်။ တခါတလေ ဝေးနေတယ် ထင်ရပေမယ့် နီးနေတယ်။

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now