Part 28

1.3K 94 7
                                    

Unicode Version

ခွဲစိတ်ခန်းထဲက ထွက်လာသည့် နောက် ဂျက်စဖာက သေနတ်နဲ့ တေ့ချိန်ထားသည်။ အောင်လေးက Marksချွတ်သည်။ လက်အိတ်ကို ချွတ်ပြီး အလုံပိတ် အမှိုက်ပုဲးကို ‌ခြေခလုပ်ဖြင့် ဖွင့်ကာ ပစ်ထည့် သည်။

‌ဘေစင်မှာ လက်ဆေးပြီး

"ဆရာဝန်တစ်ယောက်က သေရမှာ ကြောက်မယ်လို့ ထင်ရင်မှားသွားမယ် အထဲက လူနာ ကို သေစေချင်ရင် ကျွန်တော်ဘ ကိုအရက်သတ် လိုက်လို့ရပါတယ်"

ဂျက်စဖာ သေနတ်ကို အောက်ချသည်။ အောင်လေးက ခွဲစိတ်ခန်းထဲက အဝတ်ကို ချွတ်ပြီး စွပ်ကျယ်အပေါ် ဂျူတီကုတ်ကို ထပ်ဝတ်သည်။

"နောက်‌စေ့ ကွဲသွားပေမယ့် အတွင်းပိုင်း ထိခိုက် ထားတဲ့ ဒဏ်ရာမရှိဘူး။ မှတ်ဉာဏ်ပိုင်း ထိခိုက်လာရင်တော့ ဦးခေါင်းပိုင်းဆိုင် ရာကို သေချာပြန်စစ်ဆေးရမယ်"

ဂျက်စဖာက

"မမေးတော့ဘူးလား၊ ဘာဖြစ်လာလဲ ဆိုတာ"

အောင်လေး ပြုံးသည်။

"ကျွန်တော်က ခင်ဗျားတို့ လောကနဲ့ စိမ်းသက်တဲ့ သူမဟုတ်ဘူး။  ဒါကြောင့် သိဖို့ မလိုဘူး"

ဂျက်စဖာက

"သူ့ကို သိလား"

အခန်းထဲက သူကို မေးဆတ်ပြတော့။ အောင်လေးရဲ့

"နာမည်ကြီးနေတဲ့ စီးပွားရေးလုပ်ငန်းရှင် မမြင်ဖူးဘူးဆိုရင် ခေတ်နောက်ကျနေပြီပဲ။

ကျွန်တော်တို့က အလှဘုရင်မလို့ တင်စားတယ်၊"

အမှန်ပင်။ နာမည်ကြီးသည့် အမျိုးသမီးဖြစ်နေသည်။ဂျက်စဖာက ခေါင်းညိတ်ရင်း

"ဒီနေ့ ကိစ္စကို မင်းဘယ်လို လုပ်ချင်လဲ"

အောင်လေးက

"ကျွန်တော့် ဆေးခန်းနဲ့ပတ်သက်ပြီး မစိုးရိမ် ပါနဲ့။ ဝန်ထမ်းတွေက အစ နားလည်တယ်။ ဒါကြောင့် စိတ်အေးလက်အေး သွားပါ"

"ကောင်းပြီ"

အောင်လေးက

"လူနာက လှုတ်လှုတ်ရှားရှား လုပ်လို့ မရသေးဘူး။ ဖြစ်နိုင်ရင် ဆေးခန်းမှာ နေစေချင်ပေမယ့် မဖြစ်နိုင်ဘူးမဟုတ်လား"

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now