Part 7

1.2K 92 5
                                    

Unicode Version

Date တဲ့ နေ့ရက်။

ပထမဆုံး မနက်စာ စားမယ်၊

ခါတိုင်းလို ဟိုတယ်တွေမှာ စားသည် မဟုတ်ဘဲ။ သခင်တက်နေတဲ့ကျောင်း Canteen ကို ခေါ်လာသည်။ ကျောင်းပိတ်ရက်ဆိုပေမယ့် ကျောင်းအဆောင်မှာနေသူတွေရှိသည်မို့ Canteen ကအမြဲလိုလို အလုပ် ဖြစ်သည်။

သူမတို့ ထိုင်နေကျ ဆိုင်ကို ခေါ်လာခြင်း ဖြစ်သည်။ လင်းရိပ် သူမစိတ်တိုင်းကျ နေပေး သည်။ တခြားထက် အရင်လို ဒီမှာ ထိုင် ဒါစား ဒါလုပ်။ဆိုတာမျိုး သခင့်အပေါ် သွားကြပ်မက်လို့ မရသည်က

အရွယ်ရောက်လာသည့် ကလေးတစ်ယောက် ဖြစ်နေသည့် အတွက်ပင်။ လမ်းမှားမရောက် သေးသ၍တော့ လွတ်ထားလို့ရသည် မဟုတ်လား။

"ဒီဆိုင်က ထမင်းပေါင်း အရမ်းစားကောင်းတယ်၊ မားကော ဘာစားမလဲ"

လင်းရိပ်က ဆိုင်ရဲ့ ကောင်တာ လိုနေရာမျိုးမှာချိတ်ဆွဲထားသည့် Menu Vinyl ကို လှမ်း ကြည့်သည်။

"ကြက်စွပ်ပြုတ်နဲ့ ထမင်းကြော"

သခင် ထိုင်နေရာက ထသွားသည်။ အစားအသောက်မှာယူရန်ဖြစ်မည်။ လင်းရိပ် ဒီနေ့ဝတ်လာသည် ပေါ့ပေါ့ပါးပါး ဂျင်းအောက်အပွနှင့် တီရှပ် အဖြူရောင်ပင်။

သခင်ကတော့ ဒူးခန့်သာ ရှိသည့် လည်သာ သား ဘောင်းဘီနှင့် အနက်ရောင် ကိုယ်ကပ် အကျပ်ပင်။ ဆံပင် အကောက်များကို မချည်ပဲ ဖြေချထားသည်။

သခင့်လက်ထဲမှာ အချိုရည်၂ပုလင်း။ယူလာသည်။ သူမတို့ စာပွဲတွင် ပြန်ထိုင်ပြီး အချိုရည်ပုလင်း အဖုံးဖွင့်ပေးကာ သူမရှေ့သို့ ချပေး သည်။

"မနက်စာ စားပြီးရင် ကစားကွင်းသွားကြမလား မား"

လင်းရိပ်က ပုလင်းကို လှုတ်ပြီး

"သခင့်သဘောလေ။ ဘယ်ကို သွားချင်လဲ သာ စီစဉ်၊ ဒီနေ့ မား အချိန်အပြည့် ပေးမယ်"

သခင်က သူမကိုကြည့်ပြီးပြုံးသည်။ သဘောကျနေပုံပဲ။

"ဟုတ် နေ့လည် ပိုင်းကို ရုပ်ရှင်ကြည့်မယ်၊ ညနေကို ဘားကနေ Sunset ကြည့်မယ်၊ သောက်မယ်၊

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now