Part 19

1.3K 103 7
                                    

Unicode Version

"ငါက လွန်းကို ချစ်တာ ပိုင်ဆိုင်ချင်တာ မဟုတ်ဘူး။ ဒါကြောင့် ငါပေးဆပ်နိုင်သမျှ ပေးဆပ်မယ်"

အောင်ဒီပါက သူမကို ကြည့်ပြီးရယ်သည်။ လင်းရိပ် မျက်ရည်များရစ်သိုင်းနေခဲ့သည်။ အောင်ဒီပါရဲ့ သူမစိတ်ကူးယဉ် နေတဲ့ အတွေး ကိုပျက်ရယ်ပြုနေမှုက

"ဒီခေတ်မှာ မကြားဖူးတဲ့အရာကို ရှေးဆန်တဲ့ နန်းလွန်းရဲ့အသိုင်းအဝိုင်းထဲ မင်း ဘယ်လိုလုပ်ဝင်မှာလဲ၊

ငါ့ကို ကြည့်၊ ငါက လွန်းနဲ့ တရားဝင် လက်ထပ် ထားတာ။ ကလေး တစ်ယောက် ရှိတယ်။ ဒါပေမယ့် ငါ့ကို သူတို့ စွန့်ပစ်တယ်၊ လွန်းက ဘယ်လောက်ပဲ လက်ခံချင်နေပါစေ၊ သူ့ရဲ့အသိုင်းအဝိုင်းက စွန့်ပစ်ပါဆိုရင် သူလွန်ဆန်ရဲမှာ မဟုတ်ဘူး"

လင်းရိပ် လက်သီးဆုတ်ထားသည်။ အောင်ဒီပါ အနွယ်တော်တွေကို သုတ်သင် ရှင်းလင်း ပစ်ဖို့ လုပ်နေတယ် ဆိုတာ သူမ သိပြီးနောက်ပိုင်း ဖြစ်သည်။

"ငါလဲနောက်ဆုတ်လို့မရတော့ဘူး၊ ဒီအခြေအနေကို ရောက်နေပြီ။ မင်းနဲ့ငါ လုပ်နိုင်တာ တခုတော့ရှိတယ်၊"

လင်းရိပ် အံကြိတ်ပြီးကြည့်နေသည်။ အောင် ဒီပါက

"အခုချိန်ကစပြီး အလောင်းအစားတခု လုပ်ရအောင်၊အချိန် လဝက်ရှိမယ်၊ လွန်းက မင်းနဲ့ ငါနှစ်ယောက်ထဲကတစ်ယောက် ကို လက်ခံလာအောင် လုပ်ရမယ်၊ မင်းကို လက်ခံရင် ငါ့ရဲ့အစီအစဉ်ကို ငါဖွင့်ပြောပြမယ်။

ငါ့ကို လက်ခံ သွားရင် ငါလွန်းနဲ့ သမီးလေးကို ခေါ်သွားမယ်၊ ကျန်တဲ့ သူတွေ ဘာပဲဖြစ်ဖြစ်၊

ဒီကြားထဲမှာတော့ ငါ့ရဲ့ အကြံအစည် ကို ပျက်စေလို့မရဘူး၊မင်းဖွင့်ပြောလိုက်တာနဲ့ အရင်ဆုံးအသတ်ခံရမှာက လွန်းပဲ၊ မင်းချစ်တယ်လို့ ပြောထားတဲ့ လွန်း တခုခုဖြစ်စေချငိရင် ပြောလိုက်"

လင်းရိပ်က

"ငါနိုင်ရင် နင်က နင့်အစီအစဉ်အတိုင်း ဆက်လုပ်မှာ မဟုတ်လား။ ဒါဆို ဘာထူးသေးလဲ"

အောင်ဒီပါက

"မင်းနိုင်ရင် လွန်းတို့ကို ခေါ်ပြီးထွက်ပြေးနိုင် အောင် ငါအချိန်တခုကို ပေးမှာ"

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now