Part 11

1.1K 93 3
                                    

Unicode Version

"ဖြန်း"

"အ"

အသားထဲကို စိမ့်ဝင်လာသည်ဘ နာကျင်မှု၊ အခုချိန်ထိ မမှတ်မိနိုင်အောင် အရိုက်ခံထား ရပေမယ့် GPS ပွင့်ဖို့တော့ ခက်ခဲ နေသေး သည်။

ဝတ်စုံဖြူလေးမှာ သွေးများ စွန့်ထင်းနေသည်။ အောင်ဒီပါ လက်ထဲမှာ ကြာပွတ် တစ်လက်။ ဘေးနားမှာတော့ ဆားရည် ထည့် ထားသည့် ပုံး တပုံး။ တကြိမ်ရိုက်ပြီးတိုင်း ဆားရည် တခါစိမ်သည်။

"မှတ်မိသေးလား၊ လွန်း နဲ့ငါ ပြဿနာ တက်ခဲ့ တဲ့ကိစ္စက မင်းကြောင့်ဆိုတာ"

လင်းရိပ် နာကျင်မှုကြောင့် အသိစိတ်က တချက်တချက် လွတ်ချင်နေသည်။ သူမခေါင်းငိုက်စိုက် ဖြစ်လု အခြေအနေကို အောင်ဒီပါက အနားသို့ ရောက်လာပြီး သူမ မျက်နှာ။ကိုပင့်မသည်။

"သူများ အိမ်ထောင်ရေး ကိစ္စဆိုတာ မြင်နေရရင် ကို မမြင်ချင်ယောင် ဆောင်ရတယ်၊

မင်း ငါ့အကြောင်း လွန်းကို သွားပြောတဲ့ အတွက် လွန်း ငါ့ကို ခါးခါးသီး ဖြစ်သွားတာ"

လင်းရိပ်က

"နင် ဖောက်ပြန်တာကတော့ အပြစ်မဟုတ်ဘူးပေါ့၊ ဟုတ်လား၊ နင် လွန်းကို နှိပ်စက်ခဲ့တာကလဲ အပြစ်မဟုတ်ဘူးပေါ့၊

သခင်က အဲဒီအချိန် အသက်၆ နှစ်ကျော် နေပြီ။ သူသိသင့်သလောက် နားလည်သင့်တာကိုတော့ နားလည်နေပြီ၊

အခုလဲ....." ခေါင်းတချက်ခါလိုက်သည်။

မူးနှောက်နေပြီကော။ ခြေထောက်က ရပ်ပင် မရပ်နိုင်တော့ပါ။ ဒေါက်ဖိနပ်ပေါ်က ခြေတစုံ မှာ ခွေယိုင်နေပြီ။

"သခင့်ကို ပြန်ခေါ်ချင်လို့ ငါ့ကိုသတ်ဖို့လုပ်တယ်၊ ငါသေသွားရင်ကော ပြန်ခေါ်လို့ ရမှာလား၊

သူ့ကိုမြန်မြန် ပြန်ခေါ်ချင်ရင် ငါ့ကို အရင်သတ်လိုက်ကြည့်ပါလား၊ဟမ်"

အောင်ဒီပါက။

"မင်းကိုယ်တိုင် ငါ့ကို တောင်းပန်မယ့် စကားလေးတော့ ကြားချင်သေးတယ်၊ အခုလို မနာကျင်ချင်ရင် တောင်းပန်လိုက်၊ ဝန်ခံလိုက်၊

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now