Part 13

1.9K 101 5
                                    

Unicode Version

အမှန်တရား။

အောင်ဒီပါနှင့် လင်းရိပ်နှစ်ဦးထဲသာ သိပေမယ့် မည်သူကမှ ထိုကိစ္စကို ဖွင့်ပြောဆိုမည် မဟုတ်။

အောင်ဒီပါရဲ့ အမှုရုံးချိန်း ကို လင်းရိပ် ရောက် ရှိခဲ့သည်။ တရွာလုံးအသတ်ခံရမှု၊ နဲ့ပတ်သက်ပြီး။စစ်ဆေးပေမယ့် သက်သေ ဆိုတာ မယ်မယ်ရရ ရှိသည် မဟုတ်။

ထင်မြင်ချက်တွေသာ ဖြစ်နေသည်။ မျက်မြင် သက်သေက လင်းရိပ် ကိုယ်တိုင် ပင်။ လင်းရိပ်သည်လဲ သက်သေ အနေနဲ့ ဝင်ပေးနိုင်မှာ မဟုတ်ပေ။ သူမရဲ့Background ပုံရိပ်ရှိသည်။

သခင့်ရဲ့ရှေ့ရေးရှိသေးသည်။ သူမကို ပြန်ပေးဆွဲ သတ်ဖြတ်ရန် ကြံစည်ခြင်းနှင့် အနွယ် တော် အသတ်ခံရမှုမှာ သံသယ ဖြစ်ဖွယ် အခြေအနေ ၊ ထိုအချက်တွေ သာရှိသည်။

ထို့ကြောင့်  လာမယ့် ရုံးချိန်းက စီရင်ချက် ချမည့် နေ့ဖြစ်နိုင်သည်။ သူမ စုံစမ်းခိုင်းထားတဲ့  စုံ ထောက်က သူမကို သက်သေအဖြစ် တင်သွင်း ချင်သည်။

သူမ ထွက်ဆိုချက်က သက်သေ ဖြစ်နိုင်သလို ကိုယ့်လည်ပင်းကို စွတ်မယ့် ကြိုးကွင်းလဲ ဖြစ်နိုင်သည်လေ။

ကြားနာပြီးနောက် ဒီအပတ် အတွက် ရုံးချိန်း ကာလပြီးဆုံးတော့ လင်းရိပ် မျက်မှန်တပ်ပြီး တရားစီရင်ရာ အခန်းထဲက ထွက်လာသည်။

အပြင်ဘက်မှာ ကိုမိုးရှိနေသည်။ ထိုစဉ်ပဲ မျိုးနိုင်ကျော်က သူမ ဆီသို့မပြေးရုံ တမယ်။

"မဦး တကယ်ပဲ မထွက်ဆိုပေးတော့ဘူးလား၊ ဒီပုံစံအတိုင်းဆိုရင် နှစ်အနည်းငယ်လောက်ပဲ ပြစ်ဒဏ်ကျမှာ ။ပြီးတော့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ဆိုရင် အရမ်းမကြာဘူး"

လင်းရိပ်က

"ကျွန်မ မှာ သက်သေမရှိဘူးလေ၊ မျက်မြင် ကိုယ်တွေ့ဆိုပေမယ့် လက်ဆုတ်လက်ကိုင် သက်သေ လိုနေတာ၊

အတင်းဇွတ်တိုးဝင်ရင် ကျွန်မကို ထိခိုက်လာ နိုင်တယ်၊ ဒါကြောင့် စောင့်ရပါလိမ့်မယ်၊

သူထောင်ထဲက မထွက်ခင် ကိုယ့်ဘက်က သေချာ ထားရမယ် မဟုတ်လား၊ ကိုမျိုးနိုင်ကျော်လဲ ဒီအမှုကို စစ်ဆေးနေတာ ဘာကိုမှ ထိထိရောက်ရောက် ဖြစ်မလာသေးဘူးမဟုတ်လား၊

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Nơi câu chuyện tồn tại. Hãy khám phá bây giờ