Part 2

1.6K 116 2
                                    

Unicode Version

2013-2014. ထိုအချိန်က လင်းရိပ် ၂၃ နှစ် အရွယ် သာရှိသေးသည်။ ရှမ်းမြောက် မူဆယ် မြို့မှာ အလုပ်လုပ်နေအချိန်က ဖြစ်မည်။

မနက် အစောကို အလုပ်သွားသည်။ ညနေ ၄နာရီလောက်အလုပ်ဆင်းပေမယ့် နောက်ထပ် အလုပ်တစ်ခုကို ထပ်လုပ်သည်။

အိမ်ပြန်ချိန်က အမြဲတမ်း၇-၈ နာရီ။ ဌားထား သော အခန်းလေးမှာ ၁၁ နှစ်အရွယ် ကလေးလေး တစ်ယောက်ထဲ ထားခဲ့ရသည့်ရက်က ခပ်များများပင်။

ဒီကို ရောက်ကတဲက ကလေးကို အထက်တန်း ကျောင်းမှာ ထားပြီး တဆက်ထဲ တရုတ်ကျောင်းကိုပါ တက်စေသည်။

ကလေးအတွက် ငွေကြေးမခက်ခဲ ပေမယ့် ပတ်ဝန်းကျင် မလုံခြုံသည့် အတွက် ကြောင့် ဒီနေရာက နေ အမြန်ဆုံးထွက်ခွာ သွားချင်သည်။

လင်းရိပ်က အပျို အရွယ်လေး မဟုတ်လား။ အလုပ်မှာလဲ ထိကပါးရိကပါးက လုပ်ချင်ကြ သေးသည်။

အတက်နိုင်ဆုံး မျက်နှာ ခပ်တင်းတင်းထားရသည့် အဖြစ်ပင်။ အလုပ်ကတော့ ကုန်စည်ဒိုင် တစ်ခုမှာ နေ့ဘက် စာရင်းကိုင် ပြုလုပ်ပြီး ညနေကနေ ညထိကတော့ တရားမဝင် ကာစီနိုလုပ်ငန်းမှာ ထဲဝေသည့် အလုပ်လုပ် သည်။

အချိန်ပိုင်း ဆိုပေမယ့် ထိုနေရာက အရမ်းအန္တရာယ်များသည်။ လူပေါင်းစုံ လာရောက် ကစားသည်မို့ ခပ်ချောချော မိန်းကလေးမျိုး ကို အလုပ်ရှင်က လိုချင်သည်မို့ သူမ ကို ခန့်ခြင်း ဖြစ်သည်။

အိမ်ပြန်ချိန်ဆို အလုပ်ကပေးထားတဲ့ ဆိုင်ကယ်လေးစီးပြီး ဌားထားတဲ့ အခန်းကျဉ်းလေး ဆီသို့ ခပ်သုတ်သုတ် ပြန်လာတက် သည်။

အခန်းထဲမှာ ၁၁-၁၂ အရွယ် ကကြိုးသခင်လေးက အမြဲတမ်း သူမကို စောင့်ကြိုနေသည်။

"မီးမီးလေး ဘာစားပြီးပြီလဲ၊ ခြေလက်ဆေး ပြီးပြီလား"

"မုန့်စားထားတယ် မား၊ မား အတွက် ကျောင်းက ပေးတဲ့ မုန့်လေးရှိတယ်"

ကျောပိုးအိတ်လေးလှမ်းယူပြီး ကွတ်ကီးထုတ်သေးသေးလေးများ ထုတ်ပေး သည်။ တချက်ကလေးမှ ဂျီမကျသည့် ကလေးလေး မို့ လင်းရိပ်အတွက် ဝန်ထုတ်ဝန်ပိုးဆိုတာ မရှိခဲ့ပါ။

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now