Part 3

1.4K 104 2
                                    

Unicode Version

့လေဆိပ်မှာ အားလုံးရောက်နေကြပြီ ဖြစ်သည်။ ကိုယ်ပိုင်လေယာဉ် မို့ အချိန်က ကန့်သတ်ထားသည် မဟုတ်သော်လဲ အရေးပေါ် ဖြစ်လာသည့် လင်းရိပ်ကို စောင့် နေရသည် ပင်။ လေဆိပ်ရဲ့Departure Lounge တွင် သခင်ရယ်၊ တွယ်တာရယ်၊ သက်တော် စောင့်တွေရယ်။Family သုံး လေယာဉ် ဖြစ်ပြီး လေကြောင်းလိုင်းလဲ ပိုင်ဆိုင်ထား သည်မို့။

သခင် ငြိမ်သက်နေသည်။ အရင်လို ပြုံးပြုံးရွင် ရွင်မဟုတ်နေပါ။ တွယ်တာက အရိပ်တကြည့်ကြည့်နှင့်။

လေဆိပ်ရောက်ပြီး တွယ်တာနဲ့ တွေ့သည့်တိုင် ပြုံးရုံသာ။

"ကကြိုး မျက်နှာလဲ မကောင်းဘူး"

"ဟင်"

သူမက ပြုံးယောင်ဆောင်ရင်း

"ဘာမှ မဖြစ်ဘူး။ ညက အိပ်မပျော်လို့"

တွယ်တာက သူ့ကို ပုခုံးနဲ့ တွန်းရင်း

"ခရီးထွက်ရမှာမို့ ပျော်နေတယ်ပေါ့"

ဘယ်ဟုတ်ပါ့မလဲ။ မနေ့ညက တညလုံးအိပ် မပျော်ပါ။ ဘယ်လိုမှ အိပ်လို့ မရခဲ့။ မိုးလင်းတဲ့ အထိ အတွေးတွေ များနေခဲ့ သည်။ မား အပေါ် ပုံမှန်မဟုတ်သည့် အတွေးများ ကြောင့် ကိုယ့် သူကိုယ်မေးခွန်း ထုတ်ရင်း အချိန်ကုန်ခဲ့ရာ။

မနက်မှ မားကို မေးမယ် လို့ တွေးမိပေမယ့် မနက်အစောကတဲက ထွက်သွားတယ်။ ပြီးတော့ သူမတို့ကို လေဆိပ်မှာ စောင့်ခိုင်း ထားသည်။

ဟင်းခနဲ သက်ပြင်းချမိပြန်သည်။ တွယ်တာ ကိုလှည့်ကြည့်တော့ နားကြပ်တပ်ပြီး ဖုန်းထဲက Video ကို ကြည့်နေသည်။

သည်းကြီးမဲကြီး ကြည့်နေသည်မို့ စောင်းကြည့် ကာ

"ဘာကြည့်နေတာလဲ"

"ဟမ်"

နားကြပ်ဖြုတ်ပြီး သခင့်ကိုလှည့်ကြည့်တော့ သူကြည့်နေတာကို စိတ်ဝင်စားပုံပေါ်နေသည့် အတွက်ကြောင့် တွယ်တာက ဆတ်ခနဲ ကွယ်ကာ

"ကကြိုး"

အဲဒီလို ဆိုလေ မသင်္ကာလေ မဟုတ်လား။ မျက်မှောင်ကုတ်သွားပြီး

"တွယ်တာ ပြ အဲ့တာဘာလဲ။ နင် Porn ကြည့်နေတာလား"

ဇွတ်ကြီး။ တွယ်တာက လဲ

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now