Part 12

1.2K 91 2
                                    

Unicode Version

"လင်းရိပ် ငါစိတ်ချမယ်နော် မွန်းကို စောင့်ရှောက် ပေးပါနော်၊ ငါ့ဘက်က လင်းရိပ်ကို ဘာမှ မပေးနိုင်ခဲ့ပေမယ့် သမီးလေးကို လင်းရိပ်အထီးမကျန်စေရအောင် ထားပေးခဲ့မယ်"

လင်းရိပ် အိပ်ပျော်ရာမှ နိုးလာချိန်။ စိတ်မှာ လေးကန်နေသည်။ အိပ်ပျော်နေသည့် ခဏ လွန်းနဲ့ တွေ့နေခဲ့တာပဲ။ သက်ပြင်းချပြီး ဘေးဘီ ဝေ့ဝဲ ကြည့်သော်။ သူမ လက်ကို ဆုတ်ကိုင်ရင်း အိပ်ပျော်နေသည့် သခင်။

သခင်ရဲ့အသံကြားလိုက်ရသည့်နောက် သူအသိစိတ်လွတ်ထွက်သွားခဲ့ သည်။ ယခု။ အိမ်ပြန် ရောက်နေပြီဆိုတော့  အသက်ရှင်ခွင့် ရခဲ့ သည်။

နာကျင်မှုက အရမ်းမဆိုးတော့ ပေမယ့် အိပ်ပျော်နေတာ ကြာခဲ့ပြီလား ။ ကျော ပူနေပြီမို့ ကိုယ်ကို တဖက်စောင်းတော့ သခင်ဆတ်ခနဲ ဖြစ်သွားသည်။ နိုးလာပြီ ဖြစ်မည်။

သူမ ကို မော့ကြည့်ရင်း

"မား"

"နိုးလာပြီလား"

လင်းရိပ်ခေါင်းညိတ်သည်။ ထထိုင်မည် အပြု သခင်က သူမကို ဖေးမ ကူပေး သည်။ ကျောနောက်ကို ခေါင်းအုံးထိုးခံပြီး မှီထိုင် စေ သည်။

"သခင် ."

"ဟုတ် မား"

ဘေးဘီတချက်ကြည့်ရင်း

"ငါအိပ်နေတာ ဘယ်လောက်ကြာသွားပြီလဲ"

သခင်က သူမကို မော့ကြည့်ရင်း ပြုံးသည်။

"၁ရက်နဲ့ ၂ ည။ ဆရာဝန်က ပြောသွားတယ်၊ မား အနားယူဖို့ လိုနေတယ် ဆိုတော့ အခုလိုအိပ်နေလဲ  ဘာမှ မထိခိုက်ပါဘူးတဲ့"

လင်းရိပ် ခေါင်းညိတ်သည်။ ဖျင်ထည် ဝတ်ဆင်ထားသည့် သူမ လက်တွင်တော့ အရှိုးရာများရှိနေသည်။ သခင် ကြည့်နေသည့် အတွက်လင်းရိပ်က ရယ်ရင်း

"အမာရွတ်ပဲကျန်မှာပါ၊"

သခင်က

"မား နေသာရဲ့လား၊ နာကျင်တာ ခေါင်းမူးတာ ဖြစ်ဖြစ်"

လင်းရိပ် က ပြုံးသည်။ သူမ လက်လေးကို ဆွဲယူပြီး

"အဆင်ပြေပါပြီ၊ သခင်က တော့ နားဖို့ လိုနေပြီပဲ၊ မျက်တွင်းကျနေပြီ၊ နဖူးမှာလဲ ဝက်ခြံ တွေထွက်လို့၊"

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Where stories live. Discover now