အပိုင်း(၂)(U+Z)

179 17 9
                                    

Unicode

သုဆက်သျှား တစ်ယောက် ဆိုင်တံခါးကို
ပိတ်ပြီး ဆိုင်အတွင်းရှိ သိမ်းစရာရှိသည့်
ပစ္စည်းများကို သေချာသိမ်းဆည်းပြီးသည်နှင့်
အပေါ်ဆုံးထပ်က ထပ်ခိုးလေးပေါ်တက်လာခဲ့သည် ။
ရောက်သည်နှင့် စိတ်ပျက်အားလျော့စွာ
အဖြူရောင် မွေ့ယာလေးပေါ် မှောက်လျက်
လှဲချလိုက်သည် ။

" ဟင်း..."

သုဆက် သက်ပြင်းချလိုက်သည် ။

ပုံမှန်ဆို ဒီနေ့က ဆိုင်ပိတ်တာ နောက်ကျဆုံး နေ့ဖြစ်သည့်အပြင် သုဆက်အမှတ်မရချင်သည့် နေ့တစ်နေ့နှင့်လည်း တိုက်ဆိုင်နေတာမို့
အလုပ်ကို ဖိလုပ်နေမိရင်း ဘဝမှာ
ဘယ်တော့မှနောက်ပြန် လှည့်မကြည့်သင့်သည့်
အမှတ်တရတချို့ကို မေ့ဖျောက်ဖို့ကြိုးစားနေမိသည် ။

သို့သော် မအောင်မြင် ။ မေ့ပျောက်ဖို့ ကြိုးစား
ကြည့်တိုင်း တစစ်စစ်နာကျင်လာသည့် ရင်ဘတ်နှင့်အတူ
ထိုးနှက်ခံရသည့် စကားလုံးတွေက နားနှင့်မဆံ့အောင်
ပြန်လည်ကြားယောင်လာသည် ။

' မင်းက သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ
သုဆက်သျှား '

သုဆက် အနီးရှိ ခေါင်းအုံးကို ဆွဲကာ
ခေါင်းပေါ်ဖိချလိုက်၏ ။

ဟင့်အင်...ဒီအသံတွေကို သူမကြားချင်!

' နောက်...ငါ့ရှေ့ရော ငါ့မိဘတွေ
ရှေ့ပါ မင်းဘယ်တော့မှ ပေါ်မလာနဲ့ '

သုဆက် မျက်ရည်တွေ စီးကျလာ၏ ။

' မင်းဆိုတဲ့ ဖြစ်တည်မှုက တကယ်ရွံဖို့
ကောင်းလွန်းတယ် '

" တော်ကြပါတော့!!! "

သုဆက် ခေါင်းအုံးကိုနံရံသို့ ပစ်ပေါက်လိုက်ကာ
လှဲနေရာမှ ထထိုင်လိုက်သည် ။
ပြီးနောက် ဒူးနှစ်ဖက်ကို ကွေးကျုံ့လိုက်ကာ
သူ၏ ဦးခေါင်းကို ဒူးနှစ်ဖက်ပေါ်တင်ပြီး
ငိုကြွေးနေမိသည် ။

သူ၏တိတ်တဆိတ် ရှိုက်ငိုသံက နံရံတွေ
ပါမက ခန်းစီးလိုက်ကာ အဖြူရောင်လေးတွေကိုပါ
လူးလွန့်သွားသယောင် ။
လူတွေသည် ပြန်မပြောသည့် လူဆို
ပိုဖိနှိပ်ချင်ကြတယ်ဆိုတဲ့ စကားကို
သုဆက် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင်
ကြုံတွေ့ခဲ့ရပြီးပြီ ။ နောင်တတွေလည်း 
ရခဲ့ပြီပြီး ။ ဒီ့အတွက် အတိတ်တွေကို သုဆက်
ပြန်မသွားချင် ။ မေ့လည်းမေ့ပျောက်ချင်ပြီ ။

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now