အပိုင်း(၁၉)U/Z

96 8 14
                                    

Unicode

ဒိုင်း!!

အ!!!

အား!!!

ပစ်မှတ်ရဲ့ အဓိက,က မည်သူမည်ဝါဆိုတာထက်ပင်
အဝေးမှလာသော ကျည်ဆံက စိုင်းစိုင်ရဲ့
ဘယ်ဘက်လက်မောင်းမှတစ်ဆင့် ဒေးဗစ်ရဲ့
ရင်အုံကို ထုတ်ချင်းပေါက်ပင် ။ စိုင်းစိုင်ရဲ့ ကိုယ်က
တစ်ဖက်သို့ ယိုင်ကျသွားသည် ။ ဒေးဗစ်ကို
ကြည့်တော့ ဒေးဗစ်လည်း လဲကျနေပြီ ။

စိုင်းစိုင်သည် သွေးထွက်နေသည့်
သူ၏ လက်မောင်းတစ်ဖက်ကို ညာလက်ဖြင့်
ဖိကိုင်ကာ ဒေးဗစ်အနားသို့ သွားရန်ပြင်သည် ။
ဒေးဗစ်က မြေပြင်ထက် မလှုပ်မယှက်တော့ ၊
သွေးတွေကလည် လမ်းမထက် စီးကျနေသည် ။

" ဟေ့လူ...ကျွတ်...ခင်ဗျား သတိထားလေ "

စိုင်းစိုင်မှာ သူ၏ဒဏ်ရာမှ နာကျင်သည့်
ဝေဒနာကို ခံစားရသည့်အလျောက်
တစ်ဖက်ကိုလည်း တစ်ကိုယ်ကောင်းဆန်စွာ
ပစ်မထားမိ ။ မည်သူက သူတို့ကို အန္တရာယ်
ပြုနေသည်မသိ ။ ထို့ကြောင့် လဲကျနေသည့်
ဒေးဗစ်ရဲ့ လက်ကိုသူ၏လက်တစ်ဖက်ဖြင့်
အားပြုဆွဲကာ ကားကိုအကာအကွယ်ယူလိုက်၏ ။

လူကလည်း မောပန်းနေပြီ ။
တကယ်ဆို ကနဦးကတည်းက လူကမောပန်းနေတာ ။
သို့သော် ချစ်ရသူကို ကာကွယ်ချင်သည့်စိတ်က
မောလို့မောမှန်းမသိခဲ့သလို နာလို့နာမှန်းမသိခဲ့ ။
ခုမှ လက်ကဒဏ်ရာက ဆစ်ခနဲ ဆစ်ခနဲနာလာသလို ။

" ဟေ့လူ...ဟေ့လူ...ခင်ဗျား သတိကပ်စမ်း!! "

စိုင်းစိုင်က ဒေးဗစ်ရဲ့ ပါးပြင်ကို လက်ဖြင့်
နှစ်ချက်လောက် ခပ်ဆတ်ဆတ်လေး ရိုက်ကာ
သတိကပ်အောင် မရရအောင် လုပ်ရသည် ။
ထိုလူ့ရင်ဘတ်မှ သွေးတွေက အတော်ကလေးမှ
ထွက်နေတော့ ဘာလုပ်ရမှန်းမသိ လူက
ထူပူနေပေမယ့် ထိုနေရာမှာ ထိုလူနဲ့ သူသာ
ရှိပြီး ကျန်လူများက အနားမကပ်ရဲကြ ။
ထို့ကြောင့် စိုင်းစိုင်က သူ၏ အပေါ်ထပ်အင်္ကျီကို
ချွတ်ကာ ဒေးဗစ်ရဲ့ ရင်ဘတ်ကို ဖိထားလိုက်၏ ။

အစက တိုက်ရန်ခိုက်ရန် ဖြစ်သည့်အချိန်
သူတို့နှစ်ယောက်သာရှိပြီး အရမ်းကြီးရုတ်ရုတ်
ရုတ်ရုတ်ဖြစ်နေတာ မဟုတ်သည့်အတွက်
မည်သူကမှ သူတို့ကို သတိမထား ။
သို့သော် အခြေအနေက သူထင်ထားသလို
မဟုတ်သည့်အပြင် သေနတ်နှင့်ပါ ချောင်ခို
တိုက်ခိုက်လာတာမို့ ဖြတ်သွားဖြတ်လာရှိသူ
အနည်းငယ်မှာ လန့်ဖျပ်ကုန်သည် ။

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Dove le storie prendono vita. Scoprilo ora