အပိုင်း(၁၂)U/Z

86 7 6
                                    

Unicode

" တကယ်ပဲ scotaland မှာတွေ့ခဲ့တာလား
မိုက်ကယ် "

ရေးနွယ်က လက်ထဲကအအေးခွက်ကို
ခုံပေါ်သို့ချကာ သူမ၏ရှေ့တွင်ထိုင်နေသည့်
မိုက်ကယ်ဟုခေါ်တဲ့ သူ့လူယုံအားမေးလိုက်သည် ။

" ဟုတ်တယ် မမလေး ၊ ကျွန်တော် မမလေး
စောင့်ကြည့်ခိုင်းတဲ့ ဇိုဝီဆိုတဲ့လူရဲ့ နောက်ကို
နောက်ယောင်ခံရင်း ဟိုလက skye ကျွန်းက
ဆိုင်တစ်ဆိုင်မှာ သခင်လေး နဲ့ သူ့ကို
တွေ့လိုက်ရတာ "

ရေးနွယ်က ဂရုတစိုက် နားထောင်နေရင်းကနေ
တစ်ခုခုကို အတည်ပြုဟန်ဖြင့်_

" တခြားတစ်ယောက် ဖြစ်နေရင်ရော "

မိုက်ကယ်က ခေါင်းကိုချက်ချင်းပင် ယမ်းခါသည် ။

" ဒါတော့ စိတ်ချ မမလေး ၊ ကျွန်တော်ကိုယ်တိုင်
သေချာ စုံစမ်းခဲ့တာမို့ မှားစရာအကြောင်းမရှိပါဘူး ။
နောက်ပြီး သခင်လေးက Edinbrugh
မြို့မှာ Coffee ဆိုင်တစ်ဆိုင်ဖွင့်ထားတယ် ။
မမလေးရဲ့ သူငယ်ချင်း ဇိုဝီဆိုတဲ့လူ ဦးစီးနေတဲ့
လုပ်ငန်းတွေက သခင်လေး နဲ့ တစ်ခုခုတော့
ဆက်နွယ်နေမယ်ထင်တယ် "

ရေးနွယ်က ခေါင်းတစ်ချက်ညိတ်ကာ
ခြေထောက်ကို ချိတ်ထိုင်လိုက်သည် ။

" အင်း...ဒါကို ရိပ်မိတာတော့ ကြာပြီ ။
ကိုကိုက ဘယ်အရာကိုမှ လက်လျှော့မှာ
မဟုတ်ဘူးဆိုတာကို ရေးနွယ်သိတယ် ။
ဒါနဲ့ မိုက်ကယ်..."

" ဟုတ်ကဲ့ မမလေး "

" ကိုကို အဆင်ပြေပြေရှိနေတယ်မလား "

" အင်း...သခင်လေးက အဆင်ပြေရုံတင်
မဟုတ်ဘူး... ပျော်လည်း ပျော်နေပုံရတယ် မမလေး ။
ဆိုင်မှာဆို အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ကို
သခင်လေးနဲ့ အမြဲတွေ့နေရတယ် ။ နောက်ပြီး
အမျိုးသားတစ်ယောက်ကော..."

မိုက်ကယ်ရဲ့ စကားကြောင့် ရေးနွယ်မျက်နှာက
ပျက်သွားပြီး မိုက်ကယ်ကို တစ်ချက်ကြည့်လိုက်ကာ_

" အမျိုးသမီးက ကိုကိုနဲ့များ..."

ရေးနွယ် ဘာကိုဆိုလိုတယ်ဆိုတာ ချက်ချင်းပင်
သဘောပေါက်သွားသည့် မိုက်ကယ်က ခေါင်းကို
ယမ်းကာ_

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now