အပိုင်း(၆)U/Z

95 9 11
                                    

Unicode

ရေပန်းကို ဖွင့်ချလိုက်ကာ
လက်နှစ်ဖက်ကို နံရံကိုထောက်ပြီး
စည်း ခေါင်းကို ငုံ့ထားလိုက်သည် ။
ရင်ထဲကပူသည် ။ မည်သည့်အပူက
ပူလို့ပူမှန်းမသိပေမယ့် စည်းရဲ့ရင်တွေ ပူလောင်
လေးလံသလိုဖြစ်နေသည် ။

မနေ့က မောင်းထွက်သွားသည့် ကားကြောင့်လား ၊
ဒါမှမဟုတ် မျက်ဝန်းညိုတွေကြောင့်လား ၊
စည်း တကယ်မတွေးတတ်တော့သည်ထိ
ကိုသုဆက်က တော်တော်လေး
နေရာယူထားနေသည် ။

" တကယ် ဆိုးလိုက်တာ..."

စည်းက ခပ်ဖွဖွ ညည်းညူရင်း
ဦးခေါင်းထက်မှ စီးကျလာသည့် ရေတွေကို
ဆံပင်နှင့်အတူ နောက်သို့သပ်ချလိုက်ကာ
ထပ်ခါထပ်ခါ သက်ပြင်းချမိသည် ။

" ဟူး..."

တကယ်ဆို ဘာမှဖြစ်ခဲ့တာလည်းမဟုတ် ။
သူလည်း သူ့လမ်းသူသွားရမှာမို့ ကိုယ်လည်း
ကိုယ့်ကိစ္စနဲ့ကိုယ်မို့ နှစ်ဦးစလုံးက မတူညီတဲ့
လမ်းတွေပေမယ့် ခုချိန်ထိ စည်းရဲ့ရင်ထဲ
အလိုမကျမှုနှင့်အတူ စိတ်ထဲတနုတ်နုတ်...။

ဒါက ကိုသုဆက်ကို စိတ်ဆိုးတာမျိုး မဟုတ်ပေမယ့်
အလိုမကျသည့် စိတ်ကလေးက တစ်ခုခုဆို
ကိုသုဆက်က သူ့အား စကားမပြောခြင်းက
စတယ်လို့ပဲ စည်းထင်၏ ။

တကယ်...ဆိုးလိုက်သည့် ကိုသုဆက် ။

စည်း ရေပန်းကို ပိတ်ချလိုက်သည် ။
တန်းပေါ်က တဘတ်တစ်ထည်ကို ဆွဲလိုက်ကာ
သူ၏ကျစ်လစ်နေသည့် ခန္တာကိုယ်ထက်
သေချာပတ်လိုက်ပြီး မျက်နှာသုတ်ပုဝါကိုပါ
တစ်ပါးတည်းဆွဲယူလာကာ ရေချိုးခန်းထဲက
ထွက်လာလိုက်သည် ။

ညကတည်းက ကိုသုဆက်အကြောင်း
တွေးရင်း တစ်ညလုံး အိပ်မပျော်ခဲ့သည်မှာ
မနက်မိုးလင်းလို့ နေ့လည်ခင်းရောက်မှ
သူ ကောင်းကောင်းအိပ်ပျော်ခဲ့သည် ။
ဒါတောင် အိပ်မက်ထဲ ကိုသုဆက်က
ဝင်လာချင်သည် ။

တကယ်ကိုပင် ခက်၏ ။
သူ့ဘဝထဲ ကိုသုဆက် ခုလိုအရမ်းစိုးမိုး
နေတာက စိုင်းစိုင်စည်းအဖို့ တကယ်ကိုပင်
မလွယ်သည့် ကိစ္စရပ်ပင်လား...။

အင်း...နောက်များ ကိုသုဆက်နှင့်
မပတ်သက်မိအောင်
နေရမယ်...။

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now