အပိုင်း.24(U/Z)

86 11 4
                                    

Unicode

ညနေ မှောင်ရီပျိုးကားစ အချိန်...

ပြည်နှင့်ရန်ကုန် အဝေးပြေးလမ်းမထက်
ကားလေးဟာ တငြိမ့်ငြိမ့် ။ လူက ၅ယောက်မို့
၂ခုံတွဲ နှစ်တန်းနှင့် ကြားခုံတစ်ခုံရကာ
နှစ်ခုံတွဲက တစ်တွဲတွင် မေမေ့တူမနဲ့
ရွယ်ရွယ်နဲ့က တစ်တွဲဖြစ်ပြီး ကျန်တစ်တွဲနှင့်
ကြားခုံထိုင်ဖို့ရာ သူတို့သုံးယောက် မနည်းညှိလိုက်ရပြီး
နောက်ဆုံး ကားမမူးတတ်တဲ့ရဲသွေးကပဲ
အလျှော့ပေးကာ ကြားခုံတွင် ထိုင်လိုက်တော့
အားလုံးက အေးအေးဆေးဆေးပင် ဖြစ်သွားသည် ။

" ဆရာ...ဒီမှာ ရွယ်တို့ခြံက ခြံထွက်
စတော်ဘယ်ရီလေး "

ခြင်းလေးနှင့် စနစ်တကျထည့်လာသည့်
စတော်ဘယ်ရီသီးတွေကို ရွယ်ရွယ်က
အလယ်က ရဲသွေးကို ကျော်ကာ သူ့ကို
လှမ်းပေးတော့ သူ အားနာ၍ ယူလိုက်သည် ။

" ကျေးဇူး..."

" စားကြည့်ပါ ဆရာ ၊ အရမ်းချိုပြီး
လတ်လတ်ဆတ်ဆတ်လေးနဲ့ စားကောင်းတယ် "

စိုင်းစိုင် ခေါင်းသာ ညိတ်ပြလိုက်၏ ။
ထိုအခါ အလယ်က ရဲသွေးက ချောင်းတစ်ချက်
ဟန့်၏ ။

တကယ်လည်း အမြင်ကပ်စရာကိုး ။
သူတို့ကလည်း လူပါလေ ။
အသွေးနဲ့အသားနဲ့ စတော်ဘယ်ရီလည်း
ကြိုက်တတ်ပါတယ် ။ နောက်ပြီး ဒီအမျိုးသမီးက
အားနာသမှုလည်းမရှိ ။

" ဟိတ်ကောင် စိုင်းစိုင် အဲ့ခြင်းငါ့ပေး..."

" ဟမ် "

" မင်းမစားဘူးမလား...အဲ့တာကြောင့်
ငါ့ကိုပေးလို့ "

" သြော်...အေး ဒီမှာ "

ပေးသည့် ခြင်းလေးကိုယူကာ ရဲသွေးက
တစ်လုံးချင်းတစ်လုံးချင်းကို ရွယ်ရွယ်မြင်အောင်
စားပြလိုက်၏ ။

အဲ့မှာ ငါ့ကို မကျွေးချင်ဦး ။

အတူတူလာကြတဲ့လူအချင်းချင်းကို ကိုယ့်မဟုတ်တောင်
ဘေးက မမဟန်သီကိုပင်အားမနာ အကဲပိုလွန်းသည်
ကိုတော့ ရဲသွေးမကြိုက်ပါလေ ။ နှစ်ယောက်ထဲမို့
ချစ်ကြည်နူးတစ်တစ်တူးနေရင်တောင် ရဲသွေးတို့က
ဂရုစိုက်မည်မဟုတ် ။ ခုဟာက တစ်ကားလုံး စိုင်းစိုင်း
တစ်ယောက်ပဲ ရှိသည့်ဟန်နှင့်...။

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now