အပိုင်(၅)U/Z

107 9 5
                                    

Unicode

" ကိုသုဆက်...ကျွန်တော့်ကို ကြည့် "

ချပ်!

စည်းက ရှေ့ကသွားနေသည့် သုဆက်ကို
လှမ်းခေါ်ကာ ဓာတ်ပုံရိုက်လိုက်သည် ။

ခန္တာကိုယ်တစ်ခုလုံး ယိုင်မသွားအောင်
ဦးခေါင်းပဲ လှည့်ကြည့်လာသည့်
ကိုသုဆက်က ကျောက်တောင်တွေကြား
ခက်ခဲစွာပေါက်ရောက်နေသည့်
အဖြူရောင်ပန်းရိုင်းကလေး
တစ်ပွင့်နှယ် ။ အံ့သြသွားပုံ ။
ဝိုင်းစက်သွားသည့် မျက်ဝန်းညိုညိုလေးတွေက
သူ၏ ကင်မရာထဲ သက်ဝင်လှုပ်ရှားနေသည့်
ပန်းချီကားချပ်အလား...စည်း ရင်ထဲလှပ်ခနဲဖြစ်
သွားကာ ပြုံးလိုက်မိသည် ။

ကိုသုဆက်က တကယ်ကိုလှသည် ။
တကယ်ကို...သူဖော်ပြလို့မရအောင်ထိ
လှသည် ။

" ဟာ...မင်းဘာလုပ်တာလဲ "

သူ့ခွင့်ပြုချက်မရှိပါပဲ ပုံရိုက်သွားသည့်
ကောင်လေးကြောင့် သုဆက်ဒေါသထွက်သွားကာ
ကောင်လေးရှိရာဆီသို့ ခြေလှမ်းကြဲကြီးများဖြင့်
လျှောက်လာလေသည် ။ အကင်းပါးသည့်
စည်းက ဖျတ်ခနဲ ကင်မရာကို ရင်ဝယ်ပိုက်လိုက်၏ ။

" ဓာတ်ပုံ ရိုက်လိုက်တာလေ ကိုသုဆက်ရဲ့ "

" မင်းကို ဘယ်သူက ရိုက်ခိုင်းလို့လဲ ၊
ပြန်ဖျက်လိုက် "

" မရိုက်ခိုင်းမှန်းသိလို့ ရိုက်လိုက်တာကို
ရိုက်ပြီးမှ ပြန်ဖျက်လိုက်ဆိုတဲ့စကား
ကိုသုဆက် မပြောပါနဲ့ ၊ ဒီက အမှတ်တရ
ဖြစ်အောင်လို့ ရိုက်တာကို "

" မလိုချင်ဘူး...camara ပေး! "

" မပေးပါဘူး ။ ဒီ ကင်မရာက အဖိုးတန် ၊
ဒီထဲ ပုံတွေကလည်း အကုန်အဖိုးတန်တွေကြီး
အကုန်ပျက်သွား ဘယ်လိုလုပ်..."

သြော်...သူ့ကင်မရာက အဖိုးတန်ဆို
သူကရော ပုံရိုက်ခံရတဲ့သူကရော...။
သုဆက် ခံပြင်းစိတ်ကလေး ဝင်သွားကာ
လက်သီးလေးကို ကျစ်ကျစ်ကလေးဆုပ်ထားမိ၏ ။

" အဲတာတွေ ငါမသိဘူး ။ ငါသိတာ
ခုန ရိုက်လိုက်တဲ့ငါ့ပုံ ပြန်ဖျက်ပေး "

" ကိုသုဆက်တို့ကတော့ ရုပ်ရှင်တွေထဲကလို
ဒရမ်မာတွေ ရှိုးနေပြန်ပြီ ၊ ပုံဖျက်မယ်ဆိုပြီး
ကင်မရာကိုတောင်း ၊ နောက်ပြီး ဖျက်ဆီး
မရဘူးနော် ကိုသုဆက် ဒါမျိုးတွေက
မြန်မာကားထဲမှာ ရိုးနေပြီ "

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now