အပိုင်း(၁၃)U/Z

90 8 6
                                    

Unicode

သုဆက်တို့ နှစ်ယောက် ဆေးခန်းသို့
ရောက်ရောက်ချင်း သူနာပြုဆရာမက
စိုင်းစိုင်လက်က ဒဏ်ရာကိုသေချာကြည့်ကာ
လုပ်သင့်လုပ်ထိုက်သည့် ကုထုံးများဖြင့်
စနစ်တကျ လုပ်ပေးနေသည် ။ ဒဏ်ရာက
များသွားတာမို့ သူနာပြုက အထူးဂရုစိုက်ဖို့
မှာသည် ။ ဒါတောင် ပေတေတေလုပ်နေသည့်
ကောင်လေးသည် အင်မလုပ် အဲမလုပ်နှင့်မို့
သုဆက်ကပဲ ပြောသမျှစကားတိုင်းကို
ကိုယ်စား နားထောင်နေရကာ သူနာပြုကတောင်
ကိုယ့်ကို အုပ်ထိန်းသူလားဟု မေးရသည်ထိ ။

သုဆက် တကယ်စိတ်ညစ်၏ ။

ကိုယ်ဆွဲခေါ်လာသည့်တိုင်လည်း လမ်းတစ်လျှောက်လုံး
ဘာစကားမှမပြောသည့် အပြင်
ဆေးကုသမှုခံယူနေသည့်အချိန်တွင်လည်း
နံရံကိုသာ ငေးကြည့်နေသည့်သူကြောင့်
သုဆက် ရင်မောရသည် ။

" ပြီးပါပြီ ၊ လိုအပ်တဲ့ ဆေးစာရွက်ကို
တစ်ယောက်ကို ပေးခိုင်းလိုက်ပါ့မယ် ။ ခုနပြောသလို
ဒဏ်ရာက များတာမို့ အထူးဂရူစိုက်ပါ ။
ဆောင်သင့်ရှောင်သင့်တာတွေတော့ သိတယ်မလား "

" ဟုတ်ကဲ့ "

သုဆက်က ခေါင်းညိတ်တော့ သူနာပြုဆရာမက
ပြုံးကာ...

" ဒါဆို ကျွန်မကို သွားခွင့်ပြုပါဦး "

" ဟုတ်ကဲ့ ၊ ကောင်းကောင်းသွားပါ "

သူနာပြုဆရာမ ထွက်သွားသည့်နောက်
သုဆက်က ကုတင်ပေါ်တွင် သူ့အား
ကျောခိုင်းကာ လှဲနေသည့်သူကို ကြည့်ပြီး
သက်ပြင်းချမိသည် ။

စကားအရမ်းများတဲ့သူတွေ
ငြိမ်ကျသွားရင် ကြောက်ရတယ်မလား ။

သုဆက်လည်း စိတ်အဆင်မပြေတဲ့အချိန်
တစ်ခုခုကို အလိုမကျတဲ့အချိန်ဆို ငြိမ်ကျသွားတတ်သည့်
အကျင့်ကရှိသည် ။ သို့သော် ကိုယ်ကကိုယ့်အကြောင်း
နဲ့ကိုယ်မို့ ခုလက်ရှိ ဖြစ်နေသည့် စိုင်းစိုင်ရဲ့ ပြသနာကို
သုဆက်မသိ ။ ဘာက အမြဲတက်ကြွနေသည့်
ထိုကောင်လေးရဲ့ စိတ်ကို မရွှင်လန်းစေတာလဲ ။

သုဆက် ထိုင်ခုံကို ဆွဲကာ ကျောပေးလှဲနေသူရဲ့
ရှေ့တွင် ထိုင်လိုက်သည် ။ ထိုအခါ စိုင်းစိုင်က
မော့ကြည့်လာပြီး မျက်နှာကို အောက်သို့
ငုံ့သွားပြန်သည် ။

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Onde histórias criam vida. Descubra agora