အပိုင်း(၁၅)U/Z

71 6 5
                                    

Unicode

" မဖြစ်နိုင်တာ သုရယ် ၊ ဘယ်လိုဖြစ်လို့ စိုင်းက
တို့ကို..."

ပြောလည်းပြော အရယ်မပြတ်သည့်
screen ထက်က အမ်မလီကို ကြည့်ပြီး
သုဆက်ဘာပြောရမှန်းမသိဖြစ်သွား၏ ။

သုဆက်ရေမိုးချိုးပြီး အိပ်ယာထဲဝင်ဖို့လုပ်နေတုန်း
စိုင်းစိုင်ကို သတိရသွား၍ အောင်သွယ်တော်တဖြစ်လုပ်ရန်
အမ်မလီ့ကိုဖုန်းခေါ်ပြီး စိုင်းစိုင်အကြောင်းတွေ
ပြောနေမိသည် ။ နေ့လယ်က စိုင်းစိုင်ပြောတဲ့
စကားတွေ နှင့် စိုင်းစိုင်က အမ်မလီ့ကို
သဘောကျနေတာတွေပါ အကုန်စုံပြောပြတော့
ပထမဆုံး အံ့သြသွားဟန်ရှိပေမယ့် မကြာလိုက်
အမ်မလီ့ဘက်က ရယ်သံကိုသာ ကြားလာရသည် ။

" တကယ်ပါဆို အမ်မလီရာ ၊ ကျွန်တော်
တကယ်ပြောနေတာတွေ ၊ အမ်မလီ မခံစားမိဘူးလား ။
အဲ့ကောင်လေးရဲ့ စိတ်ကို..."

အမ်မလီက ခေါင်းယမ်းကာ တစ်ခုခုတွေးနေရင်းမှ_

" တို့ထက် သုလို့ရော သုဘက်ကမခံစားမိဘူးလား "

" ဟင်..."

" ဒီလိုလေ သုရယ် ၊ အမ်မလီက အတိတ်က
အနာတရဖြစ်ခဲ့တယ်ဆိုတာ ဟုတ်တယ် ။ ဒါပေမဲ့
အဲ့ဒီ့အတွက် အမ်မလီ့မှာ ဘာစိတ်ခံစားချက်မှ
ရှိမနေတော့ဘူး ။ ဘာအနာတရမှလည်း
ရှိမနေဘူး ။ နောက်ပြီး အမ်မလီပြောနိုင်တာက
စိုင်း အမ်မလီ့ပေါ်မှာ ဘာခံစားချက်မှမရှိဘူးဆိုတာပဲသု
အမ်မလီ လူကဲခတ်မညံ့တာ သုသိမှာပါ "

အမ်မလီက ပြောရင်း တွေတွေဝေဝေ
ဖြစ်သွားသည့် သုဆက်ကိုကြည့်ကာ
ခပ်ယေးယေးကလေး ပြုံးသည် ။

" သုဆက်မရိပ်မိဘူးလား "

" ဟင်...ဘာကိုလဲ အမ်မလီ "

" အမ်မလီ့အမြင်တော့ တို့ထက် သုကို
စိုင်းကပိုတွယ်တာ တာလို့ပဲမြင်တယ် ။
စိုင်းရဲ့ အကြည့်တွေ...စိုင်းရဲ့အပြုအမူ
တွေက သုအပေါ်ခံစားချက်အလိုက်
စီးဆင်းနေတာ ။ တစ်နေ့ကပဲကြည့်
တို့နဲ့သု စကားပြောနေရင်း စိုင်းရောက်လာတော့
သုက နှင်သလိုဖြစ်သွားတယ်လေ ။
အဲ့ဒီ့အချိန် စိုင်းရဲ့မျက်ဝန်းတွေကို သုပြန်တွေးကြည့်
တော်တော်လေးကို ထိခိုက်သွားတာ "

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now