အပိုင်း(22)U/Z

108 8 11
                                    

Unicode

ကားအစီးချင်းထပ်၍ ဆေးရုံဝန်းတစ်လျှောက်
တစ်စီးပြီးတစ်စီး ဝင်လာ၏ ။
နှင်းကလည်း နေရောင်ခြည်ကြောင့် မကျတော့တာမို့
လမ်းက သွားလာဖို့ရာ အတော်လေးကိုအဆင်ပြေ
နေပြီး ဝင်တိုးထွက်တိုး ကားများကလမ်းမထက်
အစီစီ ။

" Boss ရောက်ပါပြီ "

လူလေး ငါး ယောက်က ကားတံခါးကို ခပ်မြန်မြန်
လာဖွင့်ပေးသည် ။ ရာသက်ထင် ကားပေါ်က
ဆင်းလိုက်၏ ။ ဒီနိုင်ငံမှာ ဆိုသည်နှင့်
စုံစမ်းဖို့သိပ်မခက်သည့် ကလေးငယ်ရဲ့
အကြောင်းကို ၆နှစ်တာကာလအတွင်း ဘယ်လို
နေထိုင်ပြီး ဘယ်သူတွေနှင့် ခင်မင်ရင်းနှီးတာကအစ
သူ အကုန်သိရပြီးပြီ ။ ခုရောက်ရှိနေသည့် ဆေးရုံကတော့
သူနောက်ဆုံးရခဲ့သည့် ကလေးငယ်တည်ရှိနေတဲ့နေရာ ။

ရာသက်ထင်က ဆေးရုံပတ်ပတ်လည်ကို
တစ်ချက်ကြည့်ကာ မျက်နှာကအလိုမကျသလို
တစ်ချက်မဲ့လိုက်သည် ။ တော်ဝင်မျိုးနွယ်မို့
တော်ဝင်သမားတော်များနှင့် ကုသသည့်
မင်းမျိုးမင်းနွယ်ဖြစ်သည့်အလျှောက် ခုလိုနေရာသည်က
သူ့အတွက် စုတ်ပြတ်လွန်း၏ ။

တကယ်ဆို ကလေးငယ် ဆေးရုံရောက်နေသည်
ဆိုတဲ့စကားကို ကြားလိုက်ရတော့
သူဘယ်လောက်ထိ ထူပူသွားခဲ့တယ်ဆိုတာ
သူသာအသိဆုံးမို့ အကြောင်းကို တပည့်ဖြစ်သူအား
တိတိပပမေးမှ ကလေးငယ်နှင့်တတွဲတွဲအတူရှိနေသည့်
ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ကို လူနာလိုက်စောင့်
သည်ဆိုတာ သိရ၍ သူ့မှာရင်အေးရသည် ။
သို့သော် သူစိမ်းယောက်ျားလေးတစ်ယောက်နှင့်
အတူရှိနေခြင်းကိုတော့ မသိစိတ်ကရော သိစိတ်ကပါ
ရာသက်ထင် လက်မခံချင် ။ သူ့စီက လုယူသွားမှာမျိုး ၊
ဆွဲထုတ်သွားမှာမျိုး ရာသက်ထင်လက်မံနိုင်တာမို့
မည်သည့်ကြားထဲက အနှောက်အယှက်ကိုမဆို
ရာသက်ထင် ဖယ်ရှားရမည် ။

သုဆက်သျှားဆိုတာ ရာသက်ထင်အပိုင်မို့လား ။

" ဟုတ်ကဲ့ ဘာကူညီပေးရမလဲရှင် "

" လူရှာဖို့..."

" တောင်းပန်ပါတယ်ရှင် ၊ သက်ဆိုင်သည့်
ခွင့်ပြုချက်မရှိပဲ ဆေးရုံမှာ ဒီလိုလုပ်ပိုင်ခွင့်
မရှိပါဘူးရှင့် "

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now