အပိုင်(၁၄)U/Z

77 7 6
                                    

Unicode

Edinbrugh မြို့ကြီးရဲ့အလယ်...

" ကိုသုဆက် ဟိုးမှာ မြင်လား..."

သုဆက်က စိုင်းစိုင်ညွှန်ပြသည့် နေရာသို့
အကြည့်တို့ရောက်သွားတော့ ဓာတ်ကြိုးများပေါ်
နားခိုနေသည့် ငှက်ကလေးများ ။
သုဆက် မျက်လုံးလေးများဟာ ဝံ့သွား၏ ။

ငှက်ကလေးများသည် တစ်ကြိုးပေါ်တစ်ကြိုး
ကူးခတ်ကာ တစ်ကောင့်နှင့်တစ်ကောင်ဟာလည်း
စနောက် ကျီစယ်နေဟန်ရှိသည် ။
သုဆက် ဟန်ပင်မဆောင် နှစ်ခြိုက်စွာ
ပြုံးလိုက်မိ၏ ။

" ကင်မရာနဲ့ သေချာချိန်ပြီး ရိုက်လိုက် ကိုသုဆက် "

စိုင်းစိုင်အပြောပင်မစောင့် ကင်မရာကို
ပင့်မြှောက်ကာ တချပ်ချပ်ဖြင့် ရိုက်နေသည့်
သုဆက်သည် မျက်နှာကလေးကလည်း
ပြုံးနေသည် ။ ဆိုင်ကထွက်လာကတည်းက
ကင်မရာတောင် ကိုင်ခိုင်း၍ မရသောသူသည်
လက်ထဲကင်မရာ ရောက်သွားသည့် အခါမှာလည်း
မျောက်ကလေး ငှက်ပျောသီးရသွားသလို
ကင်မရာကို ပြန်တောင်းလို့လည်း မရတော့ ။

စိမ့်ကျဲကျဲနေရာလေးတွေ ၊ ရှေးကျတဲ့
အပြင်အဆင်လေးတွေ တစ်ခုမှကို အလွှတ်မပေးပဲ
ရိုက်ယူနေသူသည် တကယ့် ကင်မရာမန်းလေးလို ။
စိုင်းစိုင် ကြည့်ရင်း အူယားလာရသည် ။

တကယ် ကိုသုဆက် ခုလိုစိတ်ဝင်တစားရှိနေသည့်
အချိန်တွေက လက်ချိုးရေလို့တောင် ရတာမို့
ဒီအခိုက်အတန့်လေးကို အမှတ်တရဖြစ်အောင်
စိုင်းစိုင်သည် သူ့ဘောင်းဘီအိတ်ကပ်ထဲက
ဖုန်းကိုထုတ်ကာ စိတ်ဝင်တစား ပုံရိုက်နေသူလေးအား
ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုက်သည် ။
တကယ်ဆိုဖုန်းထဲမှာလည်း ကိုသုဆက်ပုံတွေနှင့်
ပြည့်နေပြီ ။

ထို့နောက် စိုင်းစိုင်သည်
ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ကာ
လက်ကနာရီကိုကြည့်တော့ အချိန်က အရမ်းစော
နေသေးသည့်အပြင် ရာသီဥတုကလည်း
အနည်းငယ် ညှို့မှိုင်းနေတာကြောင့် ကိုသုဆက်ဘက်
လှည့်ကာ_

" ကိုသုဆက်...တော်ပြီလေ ၊ ကျွန်တော်တို့
ဘက်စ် စီးရအောင် "

စိုင်းစိုင်အပြောကြောင့် သုဆက်က ရိုက်လက်စကို
ရပ်ကာ ခေါင်းညိတ်သည် ။

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now