အပိုင္း(၄)U/Z

129 13 7
                                    

Unicode

ခရီးလမ်း တစ်လျှောက်လုံး သုဆက်သည်
တိတ်ဆိတ်ခြင်းကိုသာ ရွေးချယ်ထားသည်မို့
ကားကို ခပ်ဖြည်းဖြည်း မှန်မှန်သာမောင်းရင်း
ရှေ့စူးစူးကိုသာ ကြည့်နေမိသည် ။
မိမိနှင့်အတူပါလာတဲ့ စိုင်းစိုင်စည်းဆိုသည့် ကောင်လေးကိုလည်း မေးထူးခေါ်ပြောကလွဲ၍ သုဆက်ဘာမှမပြော ။

ပြောစရာ စကားမရှိဟုဆိုလျှင် ပိုမှန်လိမ့်မည် ။

နောက်ပြီး ထိုကောင်လေးက ပေါင်းသင်းဆက်ဆံရေး
ကောင်းမည့်ပုံပေါ်သည် ။ သို့သော် သုဆက်အဖို့
ထိုလို ဆက်ဆံပြောဆိုရသည့် ကိစ္စရပ်တွေနှင့် ပတ်သက်လာလျှင်  အမြဲတမ်းကြောက်ရွံ့နေမိသည် ။ 
လူတွေရဲ့အတ္တ ၊ တစ်ဖက်စီးနင်းနိုင်လွန်းသည့် အတွေးတွေကြား စကားလုံးတွေဖြင့် ဖိနှိမ့်ခံခဲ့ရသည့် သုဆက်ရဲ့ ဆယ်ကျော်သက်ဘဝသည် အဲ့ဒီအချိန် ၊ အဲ့ဒီနေရာမှာ သေဆုံးသွားခဲ့တာ ကြာခဲ့ပြီလေ ။
ယခုအချိန် သုဆက်အဖို့ ဆက်ဆံရေးဆိုတာ
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာလောက် အရေးမကြီးတော့တာ သိခဲ့တာကြာခဲ့ပြီ ။
နောက်ဆုံး သုဆက်ဘဝမှာ ခြေမချချင်ဆုံးနေရာကို
ပြပါဆို မြန်မာနိုင်ငံဖြစ်ပြီး သုဆက်နောက်ပြန်လှည့်
မကြည့်ချင်ဆုံးနေရာသည်လည်း ထိုမြန်မာနိုင်ငံသာ
ဖြစ်ပေလိမ့်မည် ။

ထို နိုင်ငံက အမှတ်တရဆိုးတွေက သူ့အတွက်
အများသားမလား...။

" ကို သုဆက်..."

ခေါ်သံကြောင့် သုဆက်လှည့်ကြည့်လာသည် ။

" ကိုသုဆက် ဒီနိုင်ငံရောက်တာ
ဘယ်လောက်ကြာပြီလဲ "

" ခြောက် နှစ် "

" ဝိုး...တကယ်ကြီး "

တကယ်ကို ကိုသုဆက်က ဒီနိုင်ငံမှာ
နေခဲ့တာ ခြောက်နှစ်များတောင်
ကြာခဲ့တာလား ။

တအံ့တသြဖြင့် ဘေးကလူကို မျက်တောင်မခတ်စတမ်း
ကြည့်မိချိန် တစ်ဖက်လူနှင့် အကြည့်ချင်း
ဆုံမိသွားသည် ။ တစ်စက္ကန့်တောင် မကြာလိုက် ။
တိုးဝေ့လာသည့် လေက နှစ်ယောက်ကြား
စိမ်းသက်သည့် လေထုကို ပေးလာသည် ။
သုဆက်က အကြည့်အရင်လွှဲသွား၏ ။
စည်းက တစ်ချက်ပြုံးကာ ကားခုံကို မှီချလိုက်သည် ။

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now