အပိုင်း(၁၀)U/Z

100 7 11
                                    

Unicode

တစ်ဖက်က ဖုန်းချသွားသည်ထိ သုဆက်ရော
စိုင်းစိုင်ပါ ဘာစကားမှမဆိုပဲ အချိန်တစ်ခု
ကြာသည်ထိ ထိုလှေကားထစ် လမ်းလေးမှာပင် ငြိမ်သက်စွာထိုင်နေမိသည် ။

ပတ်ဝန်းကျင်က ငြိမ်သက်တိတ်ဆိတ်သလောက်
လူသွားလူလာကတော့ ပေါသည် ။
စိုင်းစိုင် ကိုသုဆက်ကိုကြည့်လိုက်၏ ။

တည်ငြိမ်အေးချမ်းခြင်းတွေ ပြည့်နှက်နေသည့်
ကိုသုဆက်သည် နေရာတစ်ခုကို ငေးမော
ကြည့်နေသည်မှာ စိုင်းစိုင် သတိထားမိသလောက်
အတော်ကလေးကို ကြာနေပြီ ။
စိုင်းစိုင် ကိုသုဆက်ကြည့်နေသည့်နေရာသို့
လှမ်းကြည့်လိုက်၏ ။
စက်ဘီးတစ်စီးအပေါ် ပြည့်နှက်ကာ တင်ထားသည့်
ပန်းတွေ ။ အရောင်းအသွေးမျိုးစုံဖြင့် စိတ်ရှိတိုင်း
လှပနေသည့် ပန်းတွေသည် လူတစ်ယောက်နှင့်
အပြိုင်အဆိုင် လှနေသည်မှာ စိုင်းစိုင်အဖို့ရှုမဝနိုင် ။

နှလုံးသားကို ထပ်မံအတည်ပြုချင်သည် ။
တကယ်ကိုပင် လက်ခံနိုင်ပြီလား ။
ရိုးရှင်းတဲ့ မေးခွန်းလေးတစ်ခုပေမယ့်
ဒီမေးခွန်းလေးအတွက် စိုင်းစိုင် တိကျတဲ့အဖြေရဖို့
လိုအပ်နေပြီ ။ ချစ်တယ်ဆိုတာ အပြောလွယ်
သလောက် နှလုံးသားထဲရောက်ဖို့ခက်၏ ။
လူတစ်ယောက်က လူတစ်ယောက်ကို
ချစ်တယ်ဆိုတာက မထူးဆန်းတဲ့အရာဆိုပေမယ့်
သူချစ်မိသည့်သူသည် အမျိုးသမီးတစ်ယောက်
မဟုတ် ။ အမျိုးသားတစ်ယောက် ဖြစ်နေသည် ။
အဲ့ဒီအမျိုးသားကို သူ့ဘဝထဲဆွဲခေါ်ဖို့
စိုင်းစိုင်တကယ်ကိုပင် အဆင်သင့်ဖြစ်ပြီလား ။
ကြုံဆုံလာမယ့်အရာတွေအတွက် ရင်ဆိုင်ဖို့သတ္တိတွေ
သူ့မှာရှိနေပြီလား ။ ချစ်တယ်ဆိုတဲ့ စကားလေး
တစ်ခွန်းနဲ့ သူများသားလေးဘဝကို ပေါ့ပျက်ပျက်တွေ
စိုင်းစိုင် မလုပ်ချင် ။ မတွေးချင် ။

ဥယျာဉ်မှူးတိုင်းဟာ သူတို့စိုက်ပျိုးထားတဲ့
ပန်းလေးတွေကို တန်ဖိုးထားသလိုပဲ သူကလည်း
သူမြတ်နိုးမိတဲ့သူကို တန်းဖိုးထားရမည် ။

လူတိုင်းဟာ အချစ်နှင့်ထိုက်တန်၏ ။

ထို့နောက် စိုင်းစိုင်သည် ထိုင်နေရာမှ ဆတ်ခနဲထကာ
တစ်နေရာသို့ ဦးတည်လျှောက်လိုက်မိသည် ။
သုဆက်ပင် သတိမထားမိသည်ထိ ။

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now