အပိုင်(၇)U/Z

82 7 11
                                    

Unicode

နေရောင်ဖျော့ဖျော့က မျက်နှာသို့ထင်ဟပ်
လာသည်မို့ အိပ်စက်နေရင်းမှ သုဆက်
မျက်လုံးဖွင့်လိုက်သည် ။ မျက်နှာကျက်
စိမ်းစိမ်း ၊ အငွေ့အသက်စိမ်းစိမ်းက
သုဆက်ရဲ့ အသိအာရုံကို အမိန့်ပေးလာသည့်အခါ
သုဆက်ဖျတ်ခနဲ ထထိုင်လိုက်သည် ။
ပြီးနောက် အခန်းပတ်ဝန်းကျင်ကို ကြည့်လိုက်သည် ။

ဒါ သူဘယ်ရောက်နေတာပါလဲ!

သုဆက် အာရုံပြန်စုလိုက်၏ ။
မနေ့က ဖြစ်ခဲ့သည့် ပြသနာနှင့် ဆက်စပ်၍
သူနောက်ဆုံးမှတ်မိသည်က စိုင်းစိုင်စည်းက
သူ့ဆီရောက်လာခဲ့သည် ။ သူ့ကို စိတ်ပူစွာ
ပွေ့ဖက်ပေးခဲ့သည် ။ သူလည်း ထိုနည်းတူစွာ
ပြန်လည်ပွေ့ဖက်မိသည် ။ အဲ့မျှထိ သုဆက်
မှတ်မိပါသေးသည် ။ အဲ့သည် နောက်ပိုင်း
အဖြစ်အပျက်ကိုတော့ သုဆက်ဘယ်လိုတွေးတွေး
မမှတ်မိ ။ ခု ရောက်နေသည့် နေရာကိုတောင်
သုဆက် မသိ ။

သုဆက် လက်ညိုးလက်မသုံကာ
နားထင်သို့ ထောက်လိုက်၏ ။

ခေါင်းတွေ ကိုက်လိုက်တာ...!

" နိုးပြီလား...ကိုသုဆက် "

" ဟင်... "

သုဆက် မျက်နှာက အံသြမှုများဖြင့်...။

" မနေ့က ကိုသုဆက် မေ့လဲသွားတယ် ။
အဲ့တာနဲ့ ကျွန်တော်တည်းတဲ့ Hotel ခေါ်လာခဲ့တာ ။
ကိုသုဆက် တည်းတဲ့နေရာလည်း မသိတော့လေ ။
ဒါနဲ့ ဘယ်လိုနေသေးလဲ "

စိုင်းစိုင်က မေးရင်းကိုသုဆက် နဖူးလေးကို
သူ၏လက်ဖဝါးဖြင့် စမ်းလိုက်သည် ။

" အင်း...ကိုယ်ကမပူတော့ဘူး ။
ဒါပေမယ့် ဆေးတော့သောက်ရမယ် ။
ဒဏ်ရာတွေက အကင်းသေသေးတာက
မဟုတ်ဘူး "

စိုင်းစိုင်က ပြောရင်း လက်ထဲကအထုပ်တစ်ထုပ်ကို
ကုတင်ဘေးနားကခုံပေါ် တင်လိုက်ကာ
အနီးနား ဆေးဆိုင်က ဝယ်လာသည့်
အနာကျက်ဆေးနှင့် လိမ်းဆေးဘူးတွေကို
ထုတ်နေသည် ။ သုဆက် မျက်နှာလေး
ညှိုးသွား၏ ။ ဘာလို့ ဆေးကသောက်ရမှာလဲ ။
သုဆက် ဆေးကြောက်သည် ။

" ဟို...ရတယ်...ငါ မသောက်တော့ဘူး "

" မရလို့ သောက်ရမယ်ပြောတာလေ ၊
ဒီမှာ ကိုသုဆက်...ကျွန်တော်တကယ်
စိတ်ပြေသေးတာ မဟုတ်ဘူးလေဗျာ ။
ဒါကြောင့် ဘာမှမပြောပဲ ကျွန်တော်လုပ်ပေးတာပဲ
ငြိမ်ငြိမ်လေး နေပါ "

" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now