အခန်း (၁၁၄) ပြဿနာအခက်အလက်များ!

1.3K 290 25
                                    

Unicode>

"ငါ မသိဘူး!"

ရှန်ချန်းလင်က ရှုံ့မဲ့မဲ့ကလေးနှင့် ပြောကာ မိမိကိုယ်ကို စောင်နှင့်အုပ်လိုက်သည်။

ငါတို့အိမ်က ကြင်ရာတော်လေးက သိပ်နူးညံ့ပြီးချစ်စရာကောင်းတာနော်!

ဒီလိုလေယူလေသိမ်းမျိုးက ချွဲနွဲ့နေတာမှန်း အသိအသာကြီး!

စောင်စလေးကို ဆွဲပြီး ဟိုရမ်းဒီရမ်းနဲ့ ဘာနဲ့က တအားကိုနော်!

လျှို့ဝှက်တပ်သားများသည် မိမိတို့၏ နှလုံးသားကိုပင် အရည်ပျော်သွားစေမည်ဟု ထင်မှတ်ကြလေသည်။

ထို့နောက် လေးနက်ရိုးသားစွာဖြင့် -

"ဒါပေမဲ့ ပြည်သူတွေက အရမ်းကို ဖော်ရွေနွေးထွေးကြတာ၊ အကုန်လုံးက မနက်အစောကြီးကတည်းက ထွက်လာကြသလိုပဲ။ ကြက်ဥတွေ ပန်းကုံးတွေတောင် ယူလာကြသေးတယ်"

ရှန်ချန်းလင် - ..........

ဘာလို့ အဲ့လိုဗရုတ်သုတ်ခပစ္စည်းတွေ ယူလာကြတာတုံး!

"တကယ်လို့သာ သခင်လေးကို တွေ့ခွင့်မရခဲ့ရင် အားလုံးလည်း အရမ်းမျှော်လင့်ချက်မဲ့သွားကြမှာနော်"

တပ်သားက ထပ်မံ၍ ပြောသည်။

"ပြောလို့မရဘူး လူ့ဘဝကြီးအပေါ်ကိုတောင် မျှော်လင့်ချက်မဲ့သွားနိုင်တယ်နော်!"

လျှောက်ရွှီးနေလိုက်တော့ မင်း!

ရှန်ချန်းလင်က ဆက်လက်ပြီး မသိချင်ယောင်ဆောင်နေသည်။

"အပြင်သွားကြည့်မလား"

ချင်ရှောက်ယွီက လူကို စောင်ပုံထဲကနေ တူးထုတ်ပြီး သူ့နှုတ်ခမ်းများကို ငုံထွေးနမ်းရှုံ့လိုက်သည်။

"ငါက မျောက်လဲ မဟုတ်ဘဲနဲ့၊ သူတို့က ဘာလို့ အုပ်စုဖွဲ့ပြီးတောင် လာကြည့်ကြတာလဲ!"

ရှန်ချန်းလင်က အလွန်ပင် ကြေကွဲစွာဖြင့် ပြောသည်။

ကြိုးစားပြီး သတ္တိရှိတဲ့ ပြည်သူပြည်သားတွေအနေနဲ့ နည်းနည်းလောက် အဆင့်မြင့်တဲ့ ရည်မှန်းချက်များ မရှိကြဘူးလား!

ချင်ရှောက်ယွီက ရယ်သံထွက်လာပြီး -

"အားလုံးက မင်းကို နှစ်သက်သဘောကျလို့ လာကြတာပါ"

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Onde as histórias ganham vida. Descobre agora