အခန်း (၂၄) ခရီးစဉ်ခေတ္တရပ်နားမည်!

260 49 1
                                    

Unicode>>

အခန်း (၂၄) ခရီးစဉ်ခေတ္တရပ်နားမည်!

【ဂိုဏ်းချုပ်က တကယ် သန်စွမ်းတာပဲနော်】

ရေချိုးပြီးသွားသော် ရှန်ချန်းလင်သည် ဂျုံယိုကို တစ်ပန်းကန်ကြီး စားလိုက်ပြီး ပူပူစပ်စပ် ငါးဟင်းချိုတစ်ပွဲကိုပါ သောက်လိုက်သေးသည်။ ထို့နောက် တစ်ဆက်တည်းမှာပင် ချင်ရှောက်ယွီ၏ အိပ်ရာပေါ်တစ်ခါတည်း ဆွဲတင်ခံလိုက်ရတော့သည်။

" မငိုက်သေးဘူးလို့ "

ရှန်ချန်းလင်က ငြင်းဆန်ဖို့ ကြိုးစားသည်။

" မငိုက်သေးလည်း အိပ်ရမယ်! "

ချင်ရှောက်ယွီက သူ့ကိုယ်စား စောင်ပါဆွဲခြုံပေးလိုက်သည်။

" ဘာလို့လဲလို့? "

ရှန်ချန်းလင်က လက်နှစ်ဖက်ကို မရမက ဆန့်ထုတ်နေဆဲ။ အင်မတန်မှ ပုန်ကန်ဆန့်ကျင်လိုသည့်ဟန်။

ချင်ရှောက်ယွီမှာ သူ့ကြောင့် ရယ်ပင်ရယ်မိတော့သည်။ ပြီးမှ လက်မောင်းကနေ ကိုင်ပြီး စောင်ထဲ အတင်းပြန်ထည့်ပေးပြီး ပြောလိုက်သည်။

" နဂိုကတည်းက ဟန်အဆိပ်မဖြေရသေးဘူးလေကွာ.. အခု ထပ်ပြီး မိုးမိလာတယ်၊ စောင်ထဲမှာ သေသေချာချာလေး နေပြီး ချွေးထုတ်ရမှာမို့ပေါ့ "

ရှန်ချန်းလင်က မျက်မှောင်ကြုတ်၍ ပြန်မေးလာသည်။

" ဟန်အဆိပ်က ဆောင်းတွင်းရောက်မှ ထတာ မဟုတ်ဘူးလား? "

" အအေးမိရင်းလည်း ထမှာပဲ၊ ဆောင်းတွင်းဆိုရင် ပိုပြီး ခပ်စိပ်စိပ်ဖြစ်တာပဲ ရှိတာ "

ချင်ရှောက်ယွီက ခုတင်ဘေးတွင် ထိုင်ရင်း ရှင်းပြသည်။

" အဲ့တာကြောင့် မဆော့နဲ့တော့နော် "

ရှန်ချန်းလင်ကမူ အနှီစကားကြောင့် အကြီးအကျယ် စိတ်ထိခိုက်သွားရပြန်သည်။

ဘာလို့ ငါ့ကျမှ အမြဲကံဆိုး!

" အိပ်တော့ "

ချင်ရှောက်ယွီက အဝတ်အစားများ ဝတ်ထားလျက်ပင် သူ့နံဘေးတွင် မှီထိုင်လိုက်သည်။

" မင်းမပြောရသေးဘူးနော်.. ဖုန့်ကျိုရဲ့က ဘာလို့ ငါ့ကို လုသွားချင်နေတာလဲဆိုတာ "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now