အခန်း (၁၁၄) အဆက်

1.1K 254 17
                                    

Unicode>>

"အဲ့တာဆို ဘယ်လိုကယ်ရမလဲ?"

ယင်ဝူရွှမ်းက မျက်မှောင်ကြုတ်ကာ မေးသည်။

"ငါ သူ့အတွက် အတတ်နိုင်ဆုံး အသက်ဆက်ပေးတာပဲ လုပ်ပေးနိုင်မှာ"

ယဲ့ကျင်က ရှန်ချန်းဖုန်းကို ကြည့်ကာ -

"မင်း နည်းလမ်းရှာပြီး နန်ဟိုင်က တစ္ဆေလက် နတ်ဆေးသမားတော်ကို ပင့်ဆောင်လာနိုင်လောက်မလား? သူ့မှာတော့ နည်းလမ်းရှိရင်ရှိမှာ"

"ဒီကနေ တောင်ပင်လယ် ငါးဖမ်းကျေးရွာအထိကို နေ့မနား၊ ညမနားနဲ့ ဆက်တိုက်သွားရင်တောင် အနည်းဆုံး လဝက်ကြာမှ ရောက်နိုင်မယ်။ ပြီးတော့ ပင်လယ်ကမ်းစပ်က သည်လောက်အကျယ်ကြီး၊ ဘယ်နားမှာ တစ္ဆေလက်ဆရာကြီးကို သွားရှာရမှာလဲ"

ရှန်ချန်းဖုန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

"အသွားအပြန် အဆင်ချောတယ်ထားဦး လမ်းခရီးတင် အနည်းဆုံး ၂ လကြာမယ်။ အဲ့အချိန်ထိ ‌ရှောက်ယွီက တောင်ခံနိုင်မယ်လို့ မင်း သေချာလား?"

ယဲ့ကျင်က ခေါင်းခါသည်။

"မသေချာဘူး"

ထိုစကားထွက်လာသည်နှင့် ရှိရှိသမျှ လူအပေါင်းလည်း တိတ်ဆိတ်ငြိမ်သက်ခြင်းအတိသို့ ရောက်ကြကုန်လေ၏။

"အဆိုးဆုံး အဆိပ်ပျံ့သွားဖို့ ဘယ်လောက်ကြာမလဲ?"

ကျန်းရန်က မေးသည်။

ယဲ့ကျင်က အားလုံးကို တစ်ချက်ကြည့်လိုက်ပြီး -

"သုံးရက်"

လျှို့ဝှက်တပ်သားများသည် ထိုစကားအဆုံးတွင် ရင်တစ်ခုလုံး ဗလာဖြစ်သွားကြလျက် -

"တောင်သခင်ယဲ့......"

"ငါလည်း သူ့ကို ကယ်ချင်တယ်"

ယဲ့ကျင်က ဖြတ်ပြောလိုက်၏။

"ဒါပေမဲ့ တချို့ကိစ္စတွေက ငါလုပ်ချင်တိုင်း လုပ်နိုင်တာမျိုး မဟုတ်ဘူးလေ"

"ကျွန်တော်တို့ ဘယ်ဆေးမဆို တွေ့အောင် ရှာပေးနိုင်ပါတယ်!"

တပ်သားများက စိတ်လောကြီးစွာ ဆိုကြသည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now