အခန်း (၂၅) ဆေးမှာပြဿနာရှိနေတယ်!

301 47 1
                                    

Unicode>>

အခန်း (၂၅) ဆေးမှာပြဿနာရှိနေတယ်!

【နာမည်ကြီး သူတော်ကောင်းဂိုဏ်းဖြစ်ပြီး တရားနည်းလမ်းမကျဘူး】

‌ရေနွေးနှင့် ရေချိုးကာ ဆေးသောက်ထားသော်ငြား ရှန်ချန်းလင်၏ ခန္ဓာကိုယ်သည် နဂိုကတည်းက အားနည်းလွန်းသူ ဖြစ်ရာ အတော်လေး ကြိုးစားကုသပြီးနောက်မှသာ ကိုယ်အပူချိန်က ကျဆင်းသွားတော့သည်။ သို့ရာ ခန္ဓာကိုယ်အတွင်းရှိ ဟန်အဆိပ်ကတော့ ထကြွသောင်းကျန်းလာချေသည်။ နာကျင်လွန်း၍ လူတစ်ကိုယ်လုံး ခွေခေါက်နေသည်အထိပင်။ မျက်နှာသေးသေးလေးမှာ ဆွတ်ဆွတ်ဖြူလျက်ရှိပြီး လက်ချောင်းများက စောင်ကို အသေညှစ်ဆုပ်ထားကာ နဖူး၌ ချွေးအေးများ ရွှဲစိုလျက်ရှိသည်။

" ကုသနိုင်မဲ့ နည်းလမ်းတစ်ခုခု မရှိဘူးလား? "

ချင်ရှောက်ယွီက နောက်လှည့်၍ ဟွားထန်ကို မေးလိုက်သည်။

ဟွားထန်က ဂရုတစိုက်ဖြင့် ပြောလာသည်။

" ဂိုဏ်းချုပ်ရဲ့ အတွင်းအား က ယန်ဓာတ်များတာမို့ အကယ်လို့ ရှန်သခင်လေးနဲ့.... စုံမက်မယ်ဆိုရင်တော့... နည်းနည်းတော့ ပိုသက်သာလာနိုင်ပါတယ် "

ချင်ရှောက်ယွီက မျက်မှောင်ကြုတ်၏။

" အဲ့တာအပြင်ရော? "

" တခြားနည်းလမ်းကတော့ မရှိဘူး၊ ဖြည်းဖြည်းချင်း တောင့်ခံသွားရမှာပဲ "

ဟွားထန်က ဆိုသည်။

" နာရီအနည်းငယ်(၁၀နာရီကျော်မျှ)ကို သည်းခံလိုက်ရင် ဟန်အဆိပ်က ဖြည်းဖြည်းချင်း ကိုယ်ထဲမှာ ဝပ်ကျသွားပါလိမ့်မယ် "

" အင်း.. ထွက်သွားလိုက်တော့ "

ချင်ရှောက်ယွီက ရင်ထဲမှာ သက်ပြင်းချနေမိတော့သည်။

ဟွားထန်က အမိန့်နာခံ၍ အပြင်ထွက်သွားရင်း နှစ်ဦးသားအတွက် တံခါးပါ ပိတ်ပေးခဲ့လေသည်။

ချင်ရှောက်ယွီသည် ပူနွေးသောရေဝတ်ပဝါကို ရေညှစ်လိုက်ပြီး သူ့အစား နဖူးထက်က ချွေးစေးများကို သုတ်သပ်ပေးနေမိသည်။

" အေးတယ် "

ရှန်ချန်းလင်၏ အသံကလေးမှာ ကြောင်အော်သံလေးနှယ်ပင်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now