အခန်း (၁၁၈) ရှင်းလင်းသွားရပြီ!

1.2K 248 37
                                    

Unicode>>

"မီးပုံးပွဲ ကြည့်ပြီးသွားရင်ရော?"

ယဲ့ကျင်က မေးသည်။

ရှန်ချန်းဖုန်း မျက်လုံးထဲတွင် နားမလည်မှုများ အပြည့်။

"ငါ မင်းကို သတိပေးချင်တယ်၊ မင်းမှာ ငါ့အပေါ် ရှင်းပြဖို့ အကြွေးတစ်ခုတင်နေသေးတယ်နော်"

ယဲ့ကျင်က ခပ်ခြောက်ခြောက်ပင် ပြောသည်။

ယခင်က ချင်ရှောက်ယွီ အပြင်းအထန် ဒဏ်ရာရသောကြောင့် သည်ကိစ္စဟာ ထပ်မံ နောက်ဆုတ်ထားခံရသည်။

ယနေ့တော့ အားလုံးက ပုံမှန်ကဲ့သို့ ပြန်လည်ကောင်းမွန်စပြုလာချေပြီမို့ ထပ်မံပြီး ရှောင်ပြေးနေစရာ အကြောင်း မရှိတော့ပေ။ စိတ်ထဲမှာတော့ ဘယ်လောက်မျှ ကောင်းမည့်ကိစ္စ မဟုတ်ကြောင်း ကြိုတင်ခံစားမိနေသော်ငြား တစ်သက်လုံး ရှောင်ပုန်းသွား၍ မရနိုင်သောကြောင့် ရင်ဆိုင်သင့်သည်များကို ရင်ဆိုင်ရမည်ပင်။

ရှန်ချန်းဖုန်းဟာ စကားလုံးများ ပျောက်ရှလျက် ၊ အတွေးများပင် ရှုပ်ထွေးလာသည်။

"နောင်တရသွားပြီး မပြောချင်တော့ပြန်ဘူးလား"

ယဲ့ကျင်က သူ့ကို မော့ကြည့်သည်။

ရှန်ချန်းဖုန်းက ခေါင်းခါလျက် -

"မင်းကို ကတိပေးထားမှတော့ ကိုယ် ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး"

"အဲ့တာဆိုပြောလေ"

ယဲ့ကျင်က ထိုင်ခုံလေးတစ်ခုံကို ယူ၍ ထိုင်မည်အပြုတွင် ရုတ်ခြည်း တစ်ဖက်လူ၏ ရင်ခွင်ထဲ သွတ်သွင်းခံလိုက်ရ၏။

"ဘာလုပ်တာလဲ!"

ယဲကျင်က မျက်မှောင်ကြုတ်ကာ -

"ရှင်းရှင်းလင်းလင်း မပြောရသေးခင် လောင်ဇီကို ထိခွင့်မပြုဘူး!"

ထို့နောက်တစ်စက္ကန့်မှာပင် သူဟာ အတင်းနမ်းခံလိုက်ရတော့သည်။

တကယ်ပဲ အရမ်းအရမ်း ထိတ်လန့်အံ့သြဖို့ ကောင်းတယ်နော်!

ယဲ့ကျင်ဟာ အရင်ဆုံး လန့်ဖျပ်သွားပြီး အသိစိတ်ကပ်သွားချိန်မှာ တွန်းထုတ်ချင်သော်ငြား ခါးဟာ တင်းကျပ်နေအောင် ဖက်ထားခံရ၏။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now