အခန်း (၄၃) ကျုချင်းလန်!
【ခရမ်းရောင်ဝတ်စုံနှင့်ယောကျ်ား】
လူအပေါင်းမှာ အမိန့်နာခံပြီးနောက် ထွက်သွားကြတော့သည်။ ချင်ရှောက်ယွီက ရှန်ချန်းလင်ကို ခေါ်၍ ဟွားထန်နှင့်အတူ ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။
အထဲတွင် ခရမ်းရောင်ဝတ်စုံနှင့် ယောကျ်ားတစ်ဦး ရှိပြီး မျက်လုံး၊ မျက်ခုံး အလွန် ထင်းလင်း သိသာလှသော ငယ်ငယ်ရွယ်ရွယ် လူချောလေး တစ်ယောက် ဖြစ်သည်။ ပုံစံကို ကြည့်ရုံနှင့် သာမန် မဟုတ်ကြောင်း သိနိုင်၏။
ရှန်ချန်းလင်က ရင်ထဲ၌ သက်ပြင်း အကြိမ်ကြိမ် ချမိတော့၏။
မိန်းကလေးတွေ အကုန်လုံးက ချောတာကြိုက်တာပဲကိုး!
ဟုတ်ပါပြီ ! ရှောင်ဝူထက် ပိစိကလေး ပိုချောနေတယ်!
" ကျုချင်းလန်? "
ချင်ရှောက်ယွီက သူ့ကို ကြည့်သည်။
" ဟုတ်ပါတယ် "
ခရမ်းရောင်ဝတ်စုံနှင့်လူက ခေါင်းညိတ်ပြရင်း လက်သီးဆုပ် နှစ်ဖက်ထပ်၍ ပြုံးကာ နှုတ်ဆက်သည်။
" ဂိုဏ်းချုပ်ချင်ရဲ့ နာမည်ဂုဏ်သတင်းကို ကြားဖူးနေတာ ကြာပါပြီ ၊ သည်နေ့ တွေ့ဖူးလိုက်တော့မှ တကယ်ကို သာမန်လူတွေကြားက နဂါး ၊ ဇာမဏီလိုပဲ "
ရှန်ချန်းလင်က နှုတ်ခမ်းမဲ့၏။
ဆီလို ချောနေတဲ့ လျှာဖျားမျိုးပဲ!
ကြည့်လိုက်တာနဲ့ ကောက်ကျစ်စဉ်းလဲတဲ့လူမျိုးမှန်း သိသာတယ်!
" သည်ပုဂ္ဂိုလ်က ရှန်သခင်လေး? "
ကျုရှင်းလန်က မေးသည်။
"ရှောင်ဝူဘက်တွင် ရပ်တည်မည့် တိုက်ပွဲဝင်တစ်ဦး" စိတ်ထားမျိုး ရင်ဝယ်ပိုက်ထားသူ ဖြစ်သည့်အလျောက် ရှန်ချန်းလင်သည် ထိုလူအား အေးတိအေးစက်နှင့် ခေါင်းညိတ်ပြလိုက်သည်။
အင်မတန် အေးစက်ကြော့ရှင်းပေ၏!
" ဂိုဏ်းချုပ်ချင်နဲ့ တကယ်ကို လိုက်ဖက်တာပဲဗျာ "
ကျုချင်းလန်က ချီးမွမ်း၏။
ရှန်ရှောင်ရှို့က ပိုလို့ပင် အရေးမစိုက်ချင်တော့ပေ။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း