အခန်း (၇၄) မျှော်လင့်မထားတဲ့ဖြစ်ရပ်တွေဖြစ်သွားတယ်!

1.5K 227 7
                                    

အခန်း (၇၄) မျှော်လင့်မထားတဲ့ဖြစ်ရပ်တွေဖြစ်သွားတယ်!

【တရေးအိပ်ပြီး နိုးလာတိုင်း နောက်နေရာတစ်ခုကို ပြောင်းသွားတယ်】

" နှစ်ခုရှိတယ် " ဆိုသော ကိစ္စက အင်မတန် ရယ်ရလွန်းသဖြင့် ရှန်ချန်းလင်သည် ထိုနေ့ တစ်နေ့လုံး နည်းနည်းလေး စဉ်းစားလိုက်မိသည်နှင့် တဟီးဟီး ရယ်နေတော့သည်။ ထို့အပြင် မီးတောက်မျက်လုံးမျိုးဖြင့် ချင်ရှောက်ယွီကို တမူးထူးစွာ ကြည့်နေတတ်ပြီး သူ့တစ်ကိုယ်လုံးဟာ အနှိပ်စက်ခံဖို့ ကြိုးစားနေသော M တစ်ယောက်၏ ဂုဏ်အင်များ ဖြာထွက်နေတော့သည်။

ဂိုဏ်းချုပ်ချင်သည် နောက်ဆုံးတော့ ဘယ်လိုမျှ သည်းမခံနိုင်တော့။ သူသည် မလွယ်ကူစွာဘဲ ညဘက်ရောက်သည်အထိ စောင့်ဆိုင်းပြီးသော် တစ်ခါတည်း အိပ်ခန်းထဲ လူကို ဆွဲခေါ်သွားတော့သည်။

" မင်း ဘာလုပ်တာလဲ! " 

ရှန်ရှောင်ရှို့က ငြင်းဆန်သည်။ 

" ငါ ကွေ့ဟွားပျားရည်သောက်ဦးမှာ! " 

ဘာလို့လဲဆိုတော့ ညနေက စားထားတာ နည်းနည်းစပ်လို့! 

 ချင်ရှောက်ယွီက သူ့ကို ခုတင်ပေါ် ပစ်တင်လိုက်ကာ အပေါ်စီးကနေ မိုးကြည့်လိုက်သည်။

ရှန်ချန်းလင်က ရှုံ့မဲ့မဲ့လေးဖြင့် သူနှင့် အကြည့်ချင်းဆုံ လိုက်သည်။

ဒါက ဆေးမှားသောက်ထားတာလား!

" ကိုယ့်ကို ပြောစရာစကားမရှိဘူးလား? " 

ချင်ရှောက်ယွီက အံကြိတ်၍ မေးသည်။ 

ရှန်ရှောင်ရှို့က ခဏစဉ်းစားလိုက်ပြီး ရိုးသားဖြူစင်မှု အပြည့်ဖြင့် - 

" သူရဲကောင်း မင်းက တကယ်ပဲ ချောမောခန့်ညားလွန်းတယ် " 

အဲ့နောက်မှတော့ သူက ဖိချုပ်ပြီး တင်ပါးကို အရိုက်ခံရတော့တယ်လေ။

" မင်း ငါ့ကို အိမ်တွင်းအကြမ်းဖက်တယ်! " 

ရှန်ချန်းလင်က မျက်ရည်လည်ရွှဲဖြင့်။ 

လုံးဝကို လူရိုင်းပဲ! 

ချင်ရှောက်ယွီက လူကို ခုတင်ပေါ် တွန်းတင်လိုက်ပြီး မျက်နှာကို ပင့်ကိုင်၍ အားပါပါ နမ်းရှိုက်လိုက်သည်။ 

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now