အခန်း (၂၁) ချန်းမုတောင်

386 61 3
                                    

Unicode>>

အခန်း (၂၁) ချန်းမုတောင်

[မိုးလင်းကနေ မိုးချုပ်အထိ အိပ်ချည်းမနေနဲ့လေ!]

အခန်းအသစ်လဲပြီးသော် ညဉ့်အတော်နက်နေပြီ ဖြစ်သည်။ ရှန်ချန်းလင်သည် စောင်ကြီးအား ကိုယ်ပေါ်ပတ်လျက် ဟိုလိမ့်သည်လိမ့်ဖြင့် တစ်ညလုံးပင်။ သူသည် မနက်မိုးသောက်ခါနီးမှ အိပ်ပျော်သွားသည့်အပြင် အိပ်ပုံအိပ်နည်းကလည်း လွန်စွာမှ ဆိုးဝါးလွန်းပြန်သည်။ ခြေထောက်များက လျှောက်ကန်သည့်အပြင် အိပ်ချင်မူးတူးဖြင့် ဂိုဏ်းချုပ်ချင်၏ ရင်ခွင်ထဲသို့ တိုးဝင်နေသေးသည်။

ချင်ရှောက်ယွီသည် မျက်မှောင် အနည်းငယ်ကြုတ်လိုက်ကာ လက်လှမ်း၍ ဖယ်ရန် ကြိုးစားလိုက်သော်ငြား ရှန်ချန်းလင်ကမူ ချက်ချင်း ဝမ်းနည်းစိတ်တိုသွားဟန်ဖြင့် နှုတ်ခမ်းဆူ ကာ ပိုမို တင်းကျပ်စွာ ဖက်ထားတော့လေသည်။

............

" အင်္ကျီကို သေချာဝတ်ထားလေ "

ချင်ရှောက်ယွီက သူ့နောက်ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးသည်။

ရှန်းချန်းလင်သည် အင်းအင်းအဲအဲဖြင့်သာ ညည်းညူလျက် ခြေထောက်တစ်ဖက်ကို သူ့ကိုယ်ပေါ်တင်၍ ဖိထားသည်။ ထို့နောက် စတင်၍ တခူးခူး ဟောက်တော့၏။

ချင်ရှောက်ယွီမှာ မတတ်နိုင်စွာဘဲ ခေါင်းခါမိရတော့သည်။ ထို့နောက် စောင်ကို ဆွဲယူပြီး သေချာလုံအောင် ခြုံပေးလိုက် တော့၏။

ဒုတိယနေ့ မနက်တွင် ကျွေးယင်နန်းက တစ်ဖွဲ့လုံးသည် ဧည့်ခန်းမကြီးထဲတွင် စည်ကားသိုက်မြိုက်စွာဖြင့် မနက်စာ သုံးဆောင်နေကြသည်။ သို့ရာ နေမြင့်သည့်တိုင် ချင်ရှောက်ယွီနှင့် ရှန်ချန်းလင်က ထွက်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် အားလုံးမှာလည်း တက်ညီလက်ညီဖြင့် ဟိုတွေးသည်တွေး စိတ်လှုပ်ရှားရင်ဖိုစရာ အတွေးများ ခေါင်းထဲပြည့်လာကြတော့သည်။ တစ်ယောက်ထက် တစ်ယောက်က ပို၍သာပေ၏။

" နင်တို့ပဲ ပြောကြစမ်း.. ဂိုဏ်းချုပ်နဲ့ ရှန်သခင်လေးတို့နှစ်ယောက်.. ဘာလို့ အခုချိန်ထိ မ,ထသေးတာလဲ? "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now