အခန်း (၁၁၅) ဂိုဏ်းချုပ်ချင်ဟာကုသိုလ်ကံကြီးပြီးအသက်ပြင်းသူပင်!

2.8K 462 46
                                    

Unicode >>

ဇာမဏီကြီးဟာ ကလေးငယ်ကို ခေါ်ဆောင်၍ မိုးမြင့်ယံထက်၌ ပျံသန်းနေပြီး အတော်ကြာမှ မြေပြင်ပေါ် သက်ဆင်းလာပေးသည်။ 

"ပျော်စရာကောင်းလား" 

ကျန်းရန်က ရယ်ရွှင်စွာ မေးလိုက်သည်။ 

ကလေးက ခေါင်းညိတ်သည်။ လက်ဖြင့် ဇာမဏီ၏ အမွေးအတောင်များကို ပွတ်သပ်နေရင်း မျက်နှာကလေးက စိတ်လှုပ်ရှားလွန်းလို့ နီရဲနေ၏။ 

"မင်းက တမင်တကာ တောင်ပေါ်တက်ပြီး ငါတို့ကို ရှာဖို့ စိတ်ကူးထားခဲ့တာလား?" 

ကျန်းရန်က သူ့ကို ပျားမက်မွန်တစ်လုံးပေးကာ မေးလိုက်သည်။ 

"အွန်း" 

ကလေးသည် ဇာမဏီကြီးပေါ်ကနေ ဆင်းလာပြီး ဘေးနားက ကျောက်သားထိုင်ခုံငယ်ထက်တွင် ထိုင်ကာ ပျားမက်မွန်ကို စားတော့သည်။ 

"ဂိုဏ်းချုပ်ချင် အဆိပ်မိသွားတာကို ကျွန်တော်သိတယ်၊ ကျွန်တော် သူ့ကို ကယ်ချင်လို့" 

"မင်းမှာ ဘယ်လိုလုပ် အဆိပ်ရှိနေရတာလဲ" 

ကျန်းရန်က မေးသည်။ 

ကလေးက အနည်းငယ် တွေဝေလျက် ကျန်းရန်ကို တစ်ချက်မော့ကြည့်သည်။ 

"ဒါမှမဟုတ်၊ မင်းက ဘာလို့ ရှောက်ယွီကို ကယ်ချင်ရတာလဲ" 

သူ စကားမပြောသဖြင့် ကျန်းရန်က မေးခွန်းတစ်ခု ပြောင်းမေးလိုက်သည်။ 

"ဘာလို့လဲဆိုတော့ ဂိုဏ်းချုပ်ချင်က လူကောင်းမို့လေ" 

ဒီတစ်ခါတော့ ကလေးက အလွန် လျင်မြန်စွာ ဖြေလေသည်။ 

"မင်း ဘယ်လိုလုပ်သိလဲ" 

ကျန်းရန်က ရယ်သည်။ 

"သူ မင်းကို ကူညီဖူးလို့လား"

"မဟုတ်ဘူး" 

က‌လေးက ခေါင်းခါသည်။ 

"သူများ ပြောတာ ကြားဖူးတာပါ" 

"အဲ့တာဆို မင်းအရင်က ဘယ်နေရာမှာ နေရတာလဲ" 

ကျန်းရန်က ထပ်မေးသည်။ ကလေးက အကြည့်များ ရှောင်ဖယ်သွားလျက် - 

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now