Unicode>>
အခန်း (၃၅) ချုံဟွားတောင်ကြား!
【မင်းက သူ့ကို လိမ်ပြီး ဘာလုပ်မလို့လဲ!】
" သည်လိုအခြေအနေမျိုးနဲ့တောင် အသက်ရှင်နေသေးတယ်လား? "
ချင်ရှောက်ယွီက ဆိုသည်။
" အဲ့တာဆို တကယ် အသက်ပြင်းတာပဲ "
ဟွားထန်သည် လက်ထဲက ပန်းကန်လုံးကို ချကာ ထသွားပြီး ကြည့်ရန်ပြင်သော်ငြား ခေါင်းအနည်းငယ် မူးလာပြန်၏။
" ဘယ်လိုနေသေးလဲ? "
ကျောက်ဝူက အမြန်ပြေးလာပြီး တွဲကူပေးချင်သော်ငြား သူ(မ)က မျက်စောင်းထိုးလိုက်သောကြောင့် နံရံထောင့်သို့သာ ပြန်ကပ်သွားတော့သည်။
ချင်ရှောက်ယွီ၏ နှုတ်ခမ်းထောင့်စွန်းများက ကွေးညွတ်သွားလျက် ရှန်ချန်းလင်ကိုသာ ကြက်သားများ တူနှင့် ညှပ်ကျွေးနေလိုက်သည်။
" အဟွတ်အဟွတ် "
ဝတ်စုံအဖြူနှင့်လူသည် ဆက်တိုက် ချောင်းဆိုးနေ၏။ ဟွားထန်က သွားပြီး သူ့လက်ကောက်ဝတ်ရှိ သွေးကြောများကို စမ်းသပ်ကြည့်လိုက်သည်။ ခေတ္တမျှ ကြာသော် လက်တစ်ဖက်မြှောက်လိုက်ကာ ထိုလူအား တစ်ခါတည်း သတိလစ်မေ့မြော သွားလောက်အောင် ရိုက်ချလိုက်သည်။ အင်မတန်မှ အားပါလှ၏။
လက်ရှိ မြင်ကွင်းတွင် အားလုံးက တိတ်ဆိတ်သွားတော့သည်။ အားလုံးက ရှုပ်ထွေးလှသော နားမလည်မှုမျိုးကို ဘယ်လိုစကားနှင့် ဖော်ပြရမှန်းမသိစွာပင် လက်ဝဲရံကို ကြည့်နေကြ၏။
မိန်းကလေးတစ်ယောက်အနေနဲ့ သည်လောက် ခက်ထန်ရက်စက်နေတာကွာ!
သူတောင် သည်လောက် စုတ်ပြတ်သတ်နေအောင် ဒဏ်ရာရထားတာကို မင်းက ရိုက်သေးတယ်! ဘယ်လိုများ လုပ်ရက်ရတာလဲ! ! !
အနာဂတ်မှာ သေချာပေါက် ယူမဲ့လူရှိမှာ မဟုတ်ဘူး! ! !
" နိုးနေရင် အသက်ရှင်ချင်မှ ရှင်မယ်။ သတိမေ့နေရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ် "
ဟွားထန်က ထရပ်လိုက်သည်။
" ဆက်ရက်အတွင် လူကို ချုံဟွားတောင်ကြား ရောက်အောင် လုပ်နိုင်ရင် ကျွန်မ သူ့ကို အသက်ရှင်အောင် ကယ်နိုင်တယ် "
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း