အခန်း (၁၁၇) အမွေးလုံးလေးဟာဘာမျှကိုမသိနားမလည်ရှာ!

1.2K 257 17
                                    

Unicode>>

ဒဏ်ရာအပြင်းအထန် ရပြီးနောက် ရက်ပေါင်းများစွာ သတိလစ်နေခဲ့သောကြောင့် ချင်ရှောက်ယွီကိုယ်ပေါ်က အဆိပ်ဟာ ၇၀ ရာခိုင်နှုန်းမျှ ဖယ်ရှားပြီးသွားပြီ ဖြစ်သော်ငြား ရှန်ချန်းလင်က စိတ်မချနိုင်ဆဲ။ အကြင်သူ အိပ်ပျော်သွားသည်ကို စောင့်ကြည့်ပေးပြီး ပြီးတာနှင့် မီးဖိုချောင်သို့ ပြေးကာ ဟင်းရည်ပေါင်းနေပြန်သည်။

တကယ်ကို အလိမ္မာအိမ်ပါလေး အဟုတ်ပါပင်!

"ကျီ!"

အမွေးလုံးက ထင်းပုံပေါ်တွင် ထိုင်ကာ အမဲသားကို ကြည့်နေသည်။

မျက်လုံးလေးက ငွတ်မွတ်တောင့်တမှုများနှင့်။

"ခြံဝန်းထဲ သွားနေချည်"

ရှန်ချန်းလင်က သူ့နှုတ်သီးထဲ အသားတစ်တုံး ထည့်ပေးလိုက်သည်။

အမွေးလုံးလေးသည် ရုတ်ခြည်း စိတ်အခြေအနေ လွန်စွာ ကောင်းမွန်းသွားပြီး ခုန်ပေါက်ကာ လှည့်ထွက်သွားတော့သည်။ မီးဖိုချောင်ကနေ ထွက်သွားပြီးနောက် ရှန်ချန်းဖုန်းက ခြံထဲ၌ ရပ်နေသည်နှင့် တိုးသည်။ သို့နှင့် လှုပ်တုပ်လှုပ်တုပ်လေး ပြေးသွားလိုက်သည်။

အတောင်ပံတွေ ကားပြီး မြင့်မြင့်ပစ်ပေး!

ရှန်သူရဲကောင်းကြီးက သေချာပေါက် သူ့ကို အရေးမလုပ်ပေ။

"ကျီ!"

အမွေးလုံးက ခေါင်းကလေးမော့ကာ ချွဲသည်။ ရှန်သူရဲကောင်းကြီးဟာ သူ့ကို အရေးမလုပ်ဆဲပင်။

"ကျီကျီကျီ!"

အမွေးလုံးသည် သူ့ခြေထောက်အပေါ် မှောက်လှဲကာ ကော်လို့ကပ်နေ၏။

ရှန်သူရဲကောင်းကြီးသည် ခါးကိုင်း၍ သူ့နှုတ်သီးကို ညှစ်ထားရန် ပြင်လိုက်သည်!

ထိုစဉ်မှာပင် ဘယ်ဘက်ထောင့်ရှိ အခန်းတံခါးက ကျီကနဲ ပွင့်လာပြီး ယဲ့ကျင်က မျက်လုံးပွတ်သပ်လျက် ထွက်လာသည်။

"မင်း ဇာမဏီလေးနဲ့ ဆော့နေတာလား?"

"ဟုတ်တယ်လေ"

ရှန်ချန်းဖုန်းက အမွေးလုံးကို ချက်ချင်း ရင်ခွင်ထဲ ပွေ့ပိုက်လိုက်သည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now