အခန်း (၈၅) မာနကြီးသောတောင်သခင်ယဲ့!
တောင်သခင်ယဲ့ဟာ သိပ်ကို မာနကြီးလွန်းသောကြောင့် ရှန်ရှောင်ရှို့သည် ယာယီအားဖြင့် သူ့ကိုကြီးကို ပစ်ထုတ်လိုက်ကာ ပြည်သူအများ လူအပေါင်းတို့ နားသောတဆင်ရလျှင် ကျေနပ်ဝမ်းမြောက်လေ့ရှိကြသော စကားစုသို့ ပြောင်းပြောလိုက်သည်။
"ဒါမဟုတ် ငါတို့တွေ ထမင်းအရင်သွားစားရအောင်လေ?"
"ဗိုက်က အဲ့သည်လောက်မြန်မြန် ပြန်ဆာလာပြန်ပြီလား?"
ချင်ရှောက်ယွီသည် ရယ်လျက် သူ့ခေါင်းကလေးကို ပွတ်ကာ ပြောသည်။
"ဝက်ကလေး"
ရှန်ချန်းလင် - ........
ငါက လက်ရှိအခြေအနေရဲ့ အငွေ့အသက်ကို ထိန်းညှိပေးဖို့ ပြောတာပါနော်! သိရဲ့လား!
တကယ်ပါပဲ မတရားစွပ်စွဲခံရတယ်!
"ဘာစားချင်သလဲ၊ ကိုယ် လူလွှတ်ပြီး တိတ်တိတ်ကလေး ဝယ်ခိုင်းပြီး မင်းအခန်းထဲ ပို့ပေးမယ်"
ချင်ရှောက်ယွီက ဆိုလေသည်။
"မင်းက အခု မူးမေ့နေတုန်း အခြေအနေမို့ အပြင်ထွက်စားလို့မရသေးဘူးလေ၊ ယဲ့ကျင်ကလည်း သူ့ကို ခြေရာခံမရအောင် လျှို့ဝှက်ထားရတုန်းမို့ အပြင်ထွက်လို့မရဘူး"
"အဲ့တာဆိုလည်း ငါတို့ဘာသာပဲ ဖြေရှင်းလိုက်တော့မယ်။ မင်းနဲ့ ကိုကြီးနဲ့ စောစောစီးစီး သွားစားလိုက်ကြပါတော့"
ရှန်ချန်းလင်သည် ဟိုဒင်းထက်တောင် လိမ္မာသိတတ်ဦးမည်။
"ဟွန်း!"
ယဲ့ကျင်သည် ရုတ်တရက်ကြီး အေးစက်မောက်မာသွားချေ၏။
ရှန်ရှောင်ရှို့လည်း ပြောစရာစကားများ ပျောက်ရှကာ ကောင်းကင်ကိုသာ မော့ကြည့်မိတော့သည်။
ကျွန်တော်ကလည်း ခင်ဗျားကို ဘာမှမပြောဘဲနဲ့ ခင်ဗျားမှာ ဘာဟွန်းစရာ ရှိလို့လဲ! ကိုကြီးလို့တောင် တစ်ခွန်းခေါ်မရတော့ဘူးလား ဧကန္တ!
ဘာလို့ သည်လောက်မာနကြီးရတာလဲ!
တကယ်ကို မာနမင်းသားပဲ!
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း