အခန်း (၇၇) လက်ဖွဲ့တောင်ယူပြီးသွားပြီလေ!
【ယောက်ဖကြီးကို အလုပ်မရှုပ်စေတော့ပါဘူး】
" လျှောက်ပြောနေတယ် "
ရှန်ချန်းဖုန်းသည် မျက်မှောင်ကြုတ်၍ စိုးရိမ်မှု အထင်းသားဖြင့် ထပ်ပြောလာသည်။
" ဟန်အဆိပ် ထတာ ဘယ်လိုလုပ် မနာဘဲနေမှာလဲ၊ ကိုကြီးကို အမှန်တိုင်းပြောပြ "
" ...... ဟုတ်ပါပြီ၊ နည်းနည်းတော့ နာတယ် "
ရှန်ချန်းလင်သည် ဆန်ပြုတ်ကို တစ်ဇွန်းမောက်မောက် ခပ်သောက်လိုက်သည်။
တစ်ခါတလေ လိမ်ပြောတာပဲ ဘာမှမဖြစ်လောက်ပါဘူး!
အင်းအင်းတဲ့ကိစ္စကမှ သေချာပေါက် လျှောက်ပြောလို့ မဖြစ်ဘူး!!!!
ရှန်ချန်းဖုန်းက သက်ပြင်းချလျက် -
" သူ မင်းကို သေချာဂရုမစိုက်ပေးမှန်း အစောထဲက သိရင် ငါလည်း မင်းကို နေလတောင်ထွဋ်စံအိမ်ကနေ တစ်ဖဝါးမှ ခွာခိုင်းမှာ မဟုတ်ဘူး "
" ဘယ်သူက ငါ သူ့ကို သေချာဂရုမစိုက်ပေးဘူးလို့ ပြောတာလဲ? "
ချင်ရှောက်ယွီက တံခါးတွန်းဖွင့်၍ ဝင်လာသည်။
ရှန်ရှောင်ရှို့က ချက်ချင်းပဲ အပြစ်ကို လွှဲချ၏။
" ငါ ဘာမှ မပြောဘူးနော်! "
ရှန်ချန်းဖုန်းက ပိုလို့တောင် မကျေနပ်တော့ချေ။
" သူ့ကို အဲ့လောက်တောင် ကြောက်ရတယ်လား? "
ဘယ်လိုလုပ်ပြီး ကြောက်တာ ဖြစ်ရမှာလဲနော်!
ဒါက လင်လင်အချင်းချင်း အပြန်အလှန် လေးစားမှု ရှိတယ်လို့ ခေါ်တယ်!!
ရှန်ချန်းလင်သည် သူကပဲ မှန်ကန်နေသကဲ့နှယ် ရုပ်တည်တည်ဖြင့်။
" သည်လောက်ပိန်သွားတာတောင် သေချာဂရုစိုက်နိုင်တယ် ခေါ်သလား? "
ရှန်ချန်းဖုန်းက အေးစက်စက်ဖြင့်။
ရှန်ချန်းလင် - ........
သည်လောက်တောင် ပိန်သွားတာ ဘာညာကြီးက နားထောင်ရတာ ဘာလို့ ရွဲ့နေတယ်လို့ ခံစားရပါလိမ့်?
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း