အခန်း (၁၀၈) အနည်းဆုံးတော့ ငါတို့က နာမည်ကျော် သူတော်ကောင်းဂိုဏ်းကပဲလေ!

453 86 1
                                    

အခန်း (၁၀၈) အနည်းဆုံးတော့ ငါတို့က နာမည်ကျော် သူတော်ကောင်းဂိုဏ်းကပဲလေ!

【တရားမျှတမှုကို လိုလားရမယ်!】

ထိုနေ့က ရေလယ်အကျဉ်းထောင်မှလူများ စားသောက်ပြီးနောက်တွင် အစောင့်များက ထမင်းဘူးများကို ယူကာ လူလွှတ်၍ မီးဖိုချောင်သို့ ပြန်ပို့စေ၏။ ညဉ့်နက်ပိုင်းတွင် ချင်ရှောက်ယွီသည် အနှီသစ်သားထမင်းဘူးများကို အခန်းထဲသို့ သွင်းကာ တစ်ခုချင်း စစ်ဆေးကြည့်တော့သည်။

ထင်ထားသည့်အတိုင်းပင်၊ ထိုထဲက ထမင်းဘူးတစ်ခု၏ ကြားညှပ်အဟလေးထဲတွင် သေးမျှင်သောငွေရောင်လက်စွပ်တစ်ကွင်း ရှိနေ၏။ ယင်းသည် သွတ်သွင်းစဉ်ကပင် ခက်ခက်ခဲခဲသွင်းထားရမှန်း သိသာလှ၏။

"စခန်းသခင်ရဲ့ဟာ"

ကျန်းသာ့ဖူက ချက်ချင်း မှတ်မိသွားသည်။

"အရင်က သူအမြဲဝတ်ထားတဲ့ဟာ"

ချင်ရှောက်ယွီ၏ နှုတ်ခမ်းစွန်းများက ကွေးသွားလျက် ကျန်းရန်နှင့် အကြည့်ချင်းဆုံလိုက်သည်။

"အနည်းဆုံးတော့ ရူးလည်းမရူးသေးဘူး၊ အလည်း မအသွားသေးဘူး"

ကျန်းရန်က ဆိုသည်။

"ငါတို့အတွက် သတင်းကောင်းလို့ ပြောလို့ရနေပြီ"

"အဲ့တာဆို နောက်တစ်ဆင့်က ဘယ်လိုလုပ်မှာလဲ?"

ကျန်းသာ့ဖူက သိချင်စွာ မေးသည်။

ချင်ရှောက်ယွီသည် လက်စွပ်ကို သိမ်းလိုက်ပြီး ဆို၏။

"ရောပြီးဝင်သွားမယ်"

"ရောဝင်သွားမယ်?"

ကျန်းသာ့ဖူက အံ့သြလျက်-

"ရေလယ်အကျဉ်းထောင်က အစောင့်အကြပ်တွေ တင်းကျပ်လွန်းတယ်လေ၊ ကြွက်တောင် ပြေးဝင်သွားလို့မရဘူး ထင်တယ်"

"ငါ့မှာ နည်းလမ်းရှိပါတယ်"

ချင်ရှောက်ယွီသည် ပုစဉ်းတောင်ပံအလား ပါးလှပ်သော ပိုးဖဲစ တစ်ခုကို ထုတ်ယူ၍ ထိုပေါ်တွင် ဆေးရည်များသုံးကာ စာတချို့ ရေးလိုက်သည်။ ထို့နောက် ခပ်တင်းတင်း လိပ်ကာ ဖယောင်းလုံးထဲသို့ ထိုးသွင်းလိုက်လေ၏။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now