3.3K 83 4
Unicode
ကမ္ဘာပေါ်မှာရှိတဲ့မိန်းမတိုင်းက အဓိကဇနီးနေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေတာမဟုတ်ဘူး။
ပိုင်ယွီရှောင်းက ကိုယ်လုပ်တော်အဖြစ်နေရတာကို အရမ်းပျော်တယ်။သူမ တစ်ခြားအရာတွေကို ဂရုစိုက်နေဖို့မလိုတော့ဘူးလေ။သူမက ကျန်းဟူမှာရှိတဲ့ ပုန်းခိုနေရတဲ့ လူတွေနဲ့ယှဉ်ရင် ကောင်းကောင်းအိပ်ရတယ် ကောင်းကောင်းစားရတယ် ကောင်းကောင်းနေရတယ်လေ။အတွင်းဆောင်က တိုက်ပွဲတွေက အိမ်ကဝိုင်လိုပဲ။သူမ အားတဲ့အချိန်ဆိုရင် အဲ့ဒီအမျိုးသမီးတွေကိုစပြီး သူမရဲ့ စိတ်ရောကိုယ်ရောကို ထိန်းညှိတယ်။ဒါပေမယ့် အဲ့ဒါတွေက အချိန်ကုန်ဖို့အတွက်ပဲ။သူမက သူမရဲ့ အရေးကြီးတဲ့အလုပ်ကို ဂရုစိုက်ဖို့လိုသေးတယ်။လျှို့ဝှက်စံုစမ်း‌ေရး၊အရာရှိတစ်ယောက်လုပ်ရတာ အန္တရာယ်များတယ်ဆိုပေမယ့် သူမသာ မှန်မှန်လုပ်မယ်ဆိုရင် ကြီးမားတဲ့ ကြွယ်ဝချမ်းသာမှုကိုရရှိနိုင်တယ်။
ဘယ်သူကသိမှာလဲ။သူမရဲ့ အိပ်ဆောင်ကို နှစ်နှစ်လောက်မလာဘူးတဲ့ သူမယောကျာ်း ဝမ်ရယ်က ရုတ်တရက်ကြီး သူမကို နေ့တိုင်းလာရှာပြီး ညတိုင်း ပြုစုနေရမယ်လို့လေ။
မင်းသားလင် စစ်လျှို့ကျင်း က သူ့ရဲ့တော်ဝင်နန်းဆောင်မှာရှိတဲ့ အတွင်းဆောင်မှာ မိန်းမတွေဘယ်လောက်ရှိနေလဲ ဂရုမစိုက်ဘူး။သူ ဘယ်သူ့ကို လက်ထပ်တာပဲဖြစ်ဖြစ် လက်ခံတာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။အဲ့ဒါတွေက အာဏာနဲ့ အကျိုးအမြတ်အတွက်ပဲလေ။
ပိုင်ယွီရှောင်းလို အရည်အချင်းရှိတဲ့ မိန်းကလေးက အဆင့်မတက်ချင်ပဲ ကိုယ်လုပ်တော်အဖြစ်ပဲနေသွားချင်တာတဲ့လား။ကံကောင်းလို့ပေါ့ သူ့မှာ သူမကို အမြင့်ကိုတင်ပေးနိုင်မယ့် နည်းလမ်းတွေရှိနေလို့ ။ ဒါကြောင့် သူမကို နေ့တိုင်းချစ်ပြီး ညတိုင်းသူ့အောက်မှာပဲ ဖိနှိပ်ထားချင်တယ်။သူမက သူ့နှစ်သက်မှုကိုရတာမလို့ သူ့ကိုပြန်ပြီး ပေးဆပ်ရမယ်လေ။ဘာပဲဖြစ်ဖြစ် ဝမ်ဖေးနေရာကလစ်လပ်နေတယ်။ပြီးတော့ သူမကို အဲ့ဒါအတွက် တိုက်ပွဲဝင်ဖို့ သူ လုံးဝခွင့်မပြုဘူး။
ကဲကဲ အသစ်လေးပါနော်။ဝမ်ရယ်နဲ့ ကိုယ်လုပ်တော် ဇာတ်လမ်းလေးကို ဖတ်ရမှာပဲဖြစ်ပါတယ်။ဒီလို ဇာတ်လမ်းမျိုးကြိုက်တဲ့ ကိုယ့်သူငယ်ချင်းတွေရှိရင်လည်း sharing လုပ်လိုက်ပါဦးနော်။
Zawgyi
ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now