Chapter 2

839 52 0
                                    

Unicode

တောင်ပေါ်ရှိ သစ်ရွက်များမှာ ထူထပ်နေပြီး ရံဖန်ရံခါတွင် အရွက်ကြားရှိ ကွက်လပ်များကနေတစ်ဆင့် တောက်ပသော နေရောင်ခြည်များ ဖြာထွက်နေသည်။သူသည် တစ်နေကုန်လမ်းလျှောက်ထားရသောကြောင့် ဗိုက်အရမ်းဆာနေသည်။ဆာလောင်မှုကို ထိန်းချုပ်ရန်အတွက် အသံကိုနားထောင်၍ ဦးတည်ရာကို ပိုင်းခြားကာ ပိုးကောင်တစ်ကောင်ကို ဖမ်းလိုက်သည်။သူသည် ပိုးကောင်တွင် အဆိပ်ရှိမရှိ မသိပေမယ့် ထိုဟာက အရေးမပါပေ။သူက အဆိပ်မိပြီးသားဖြစ်သည့်အတွက် ဘယ်လောက်လောက်ကြာကြာ အသက်ရှင်နိုင်မည်ဆိုတာ မသိနိုင်ပေ။သူက လက်တစ်ဖက်နဲ့ ပိုးကောင်ရဲ့ခေါင်းကိုချိုးပြီး အစိမ်းစားလိုက်သည်။သူ၏ ပုံစံသည် ငရဲမှ ပြန်လာသော ရှူရာနဲ့ တူနေသည်။မထင်မှတ်ဘဲ ထိုအသံက ထပ်ထွက်လာသည်။

"ကျွန်မကရှင့်ကို ကြက်သားပေးတော့ကျ ရှင်ကမယူဘူး။အဲ့ဒီအစား ဒီပိုးကောင်ကိုစားနေတယ်။အဲ့ဒါက အရမ်းရုပ်ဆိုးတာကို ရှင်ကစားနိုင်တယ်!"

ရုတ်တရက် သူ့နဖူးမှာရှိတဲ့ သွေးကြောတွေအကုန် ထောင်ထလာသည်။

ဒီမိန်းမက အရမ်းဒေါသထွက်ဖို့ကောင်းတယ်။သူမက ပိုးကောင်ကိုတောင် ရုပ်ဆိုးတယ်လို့ ပြောလိုက်သေးတယ်။သူမျက်စိမမြင်ရတာကို ဟာသလုပ်နေတာလား။သူက သူမကို ပါးစပ်ပိတ်ဖို့ပြောဖို့တောင် အရမ်းပျင်းနေတာကြောင့် ဘာမှပြန်မပြောဘူး။ထားလိုက်တော့ အားအင်ချွေတာတာပဲကောင်းတယ်။

သူသည် တောထဲမှာ လျှောက်သွားနေတာာသုံးရက်ရှိပြီဖြစ်သည်။သူဗိုက်ဆာလာလျှင် အပင်တွေနဲ့အကောင်များကိုစားပြီး ရေငတ်လျှင် သစ်ပင်ရည်ကိုသောက်သည်။ပင်ပန်းလာသောအခါ သစ်ပင်ပေါ်တက်၍အနားယူပြီး ဓားကို လက်ကလုံးဝမချပေ။သူက လှုပ်ရှားမှုသေးသေးလေးကို အာရုံခံမိလိုက်တာနဲ့ ချက်ချင်းလူသတ်တော့မယ့် ရောင်ဝါ ထွက်လာသည်။သူအနားယူနေတုန်းမှာ အဝေးကနေ ထိုမိန်းမအသံကို ကြားလိုက်ရသည်။

"ကောင်းကောင်းအနားယူနော်။ရှင့်ခြေရာတွေကိုမတွေ့အောင်လို့ ကျွန်မသွားဖျက်လိုက်ဦးမယ်။ကျွန်မမရှိတုန်း ဒီတိုင်းပဲနေနော်"

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now