Chapter 9

623 56 3
                                    

Unicode

Chapter 9

"ဝမ်ရယ့်ကိုတင်ပြပါတယ် ကျောက်စိမ်းဆွဲသီးနဲ့စာနှစ်ခုလုံးက အရှင်မင်းသား(၆)ဆီမှာပါ။အရှင့်သားက အခု စစ်သည်တွေကိုဦးဆောင်ပြီး တောင်ပေါ်မှာရှာဖွေနေတာပါ။ဒီငယ်သားက အခုချက်ချင်းပဲ အရှင်မင်းသား(၆)ကို သတင်းပို့လိုက်ပါမယ်"

ဖူထန်းက ဝမ်ရယ်ခေါင်းညိမ့်တာကို မြင်လိုက်ရတဲ့အခါမှာ သူကချက်ချင်းပဲ စစ်သည်တစ်ယောက်ကို မင်းသား(၆)ကိုရှာဖို့ လွှတ်လိုက်သည်။အဲ့ဒီနောက်မှာတော့ သူကဝမ်ရယ့်ကို ဝမ်ရယ်မရှိတုန်း မြို့တော်မှာဖြစ်သွားတဲ့ ကိစ္စအကြီးအသေး အကုန်လုံးကို ပြန်တင်ပြလိုက်သည်။

စစ်လျှို့ဖုန်းက သတင်းရတဲ့အခါမှာ အမြန်ရောက်လာခဲ့သည်။သူနဲ့ သူ့အစ်ကို(၃)ရဲ့ဆက်ဆံရေးက တစ်ခြားမင်းသားတွေနဲ့ယှဉ်ရင် ပိုပြီးတော့ကောင်းမွန်သည်။ဒါကြောင့် သူက သူ့ရဲ့ အစ်ကို(၃)ကိုမြင်တဲ့အခါမှာ ပျော်ရွှင်မှုကိုထိန်းမထားနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာနဲ့ ဖက်လိုက်သည်။စစ်လျှို့ဖုန်းက သူ့ရဲ့ အစ်ကို(၃)ဘာမှမဖြစ်တာကိုမြင်တော့ စိတ်သက်သာသွားသည်။ဒါပေမယ့် သူကချက်ချင်းပဲ တစ်ခုခုမှားနေတာကို သတိထားမိလိုက်သည်။

"အစ်ကို(၃) အစ်ကိုရဲ့မျက်လုံးတွေ..."

"ငါအဆင်ပြေတယ်၊ငါက ဒဏ်ရာသေးသေးလေးတစ်ခုရခဲ့တာမလို့ ပြီးတော့ဒါက ရက်ပိုင်းအတွင်းကောင်းသွားမှာ"

စစ်လျှို့ကျင်းက သူ့ရဲ့ ညီ(၆)ပြောတာကို ဖြတ်ပြောလိုက်ပြီး ထပ်မရှင်းပြတော့ပေ။သူ့ရဲ့မျက်လုံးတွေက တိုးတက်လာပြီး ရက်အနည်းငယ်အတွင်းမှာပဲ သူပြန်မြင်ရမယ်ဆိုတာ ယုံကြည်သည်။ဒီအချိန်မှာတော့ ဘယ်သူကသတင်းပို့တာလဲဆိုတာကို သူပိုပြီးဂရုစိုက်သည်။

"စာကဘယ်မှာလဲ?"

စစ်လျှို့ဖုန်းက မြန်မြန်ပဲ စာကိုသူ့ဆီလှမ်းပေးလိုက်သည်။

စစ်လျှို့ကျင်းက စာအိတ်ထဲကနေ စာကိုထုတ်လိုက်တဲ့အချိန်မှာ ကျောက်စိမ်းဆွဲသီးကို စမ်းမိသွားတယ်။သူက အခုထိကောင်းကောင်းမမြင်ရသေးဘူးဆိုပေမယ့် သူကဒါကို သူနဲ့အတူနှစ်တွေအကြာကြီးသယ်ဆောင်ထားတာမလို့ ကောင်းကောင်းသိတယ်။သူ့ရဲ့လက်ချောင်းတွေကိုလှုပ်ပြီး ကျောက်စိမ်းဆွဲသီးကို တစ်ချက်ထိကြည့်လိုက်တယ်။သူသိလိုက်တယ် ဒီဟာက သူရွှေ့အာကိုပေးခဲ့တဲ့ ဆွဲသီးပဲ။

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now