Chapter 15

468 43 0
                                    

Unicode

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်:
Chapter 15

သူမရဲ့ဆရာနဲ့ တတိယအစ်မကြီးကိုနှုတ်ဆက်ပြီးသွားတဲ့အခါမှာတော့ ပိုင်ယွီရှောင်းက အခန်းထဲကနေ ချိုးချန်တုတ်ချောင်းကိုကိုင်ပြီးထွက်လာခဲ့သည်။သူမက တုတ်ချောင်းပေါ်မှာပါတဲ့ ကဗျာကိုဖတ်ချင်ယောင်ဆောင်လိုက်ပြီး ရွှမ်အာကိုပြောလိုက်သည်။

"ရှီထိုင်ကပြောလိုက်တယ် ငါသာ ငါ့ရဲ့ခင်ပွန်းကို စိတ်နှလုံးအကြွင်းမဲ့ပုံအပ်ပြီး ပြုစုခစားမယ်၊ငါ့နေရာကိုငါသိမယ်ဆိုရင် ငါ့မှာကလေးမရှိရင်တောင်မှ အေးချမ်းတဲ့ဘဝကိုနေနိုင်မယ်တဲ့"

"အဲ့ဒါကောင်းတာပေါ့ သခင်မလေးစိတ်ချထားလို့ရပါပြီ"

"အိုင်း....နင်မသိပါဘူး အခုတလော ဝမ်ရယ်ကငါ့ခြံဝင်းဆီကိုလာတာမဟုတ်ဘူး။ငါဝမ်ရယ်ကိုကောင်းကောင်းမပြုစုပေးလို့များလားဆိုပြီး ပူပန်စိုးရိမ်လာရတယ်။အဲ့ဒါကြောင့်ပဲ ငါဒီလာပြီးအမွှေးတိုင်ပူဇော်ရတာ။ငါ့စိတ်ထဲမှာ အစက ပူပန်နေရပေမယ့် ရှီထိုင်ရဲ့အကြံဉာဏ်ကိုနားထောင်ပြီးတော့ စိတ်သက်သာရာရသွားပြီ"

သခင်မနဲ့အစေခံက အချင်းချင်းနားလည်ပြီး သူတို့ကိုစောင့်ကြည့်နေတဲ့လူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ရဲ့ပြဇာတ်ကိုတော့ကောင်းကောင်းကဖို့လိုသည်။

ရွှမ်အာက ပိုင်ယွီရှောင်းရထားလုံးထဲဝင်ဖို့ ကူညီပေးလိုက်ပြီး အစောင့်ကလိုက်ကာကိုချပြီးတဲ့အခါမှာတော့ မြင်းလှည်းသမားကိုအိမ်တော်ကိုပြန်ဖို့ပြောလိုက်သည်။

ရထားလုံးထဲမှာတော့ ရွှမ်အာက လိုက်ကာကိုအသာလေးဘေးပို့လိုက်ပြီး လှမ်းကြည့်လိုက်တော့ အစောင့်နှစ်‌ယောက်က ရထားလုံးနဲ့နည်းနည်းဝေးဝေးကနေ လိုက်ပါလာကြတာကိုမြင်လိုက်ရသည်။အစောင့်တွေက သူတို့ပြောတာကိုမကြားနိုင်တဲ့အတွက် ရွှမ်အာက ပိုင်ယွီရှောင်းကို တိုးတိုးလေးပြောလိုက်သည်။

"သခင်မလေး ဒီတစ်ခေါက်လည်းစံအိမ်အပြင်ဘက်ကိုထွက်သွားဦးမှာလား"

"ဝမ်ရယ်က ငါ့ကို စိတ်ပျက်နေပြီပဲလေ ဒါကြောင့် အခုက အပြင်ထွက်ဖို့အချိန်ကောင်းပဲ"

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now