Chapter 6

853 42 7
                                    

Unicode

Chapter 6

သူမအမြဲတမ်းအမှတ်ရနေမယ့်အရာရှိပြီးတော့ အဲ့ဒါက သူမတို့ရဲ့အိမ်ထောင်ရေးပထမဆုံး ပြီးမြောက်သွားတဲ့အကြိမ်ပဲဖြစ်သည်။အဲ့ဒီအချိန်တုန်းက ဒီယောကျာ်းက အရမ်းအေးစက်နေပြီး ထိုနေရာကို ဖြတ်သွားသလိုမျိုးဖြစ်နေတယ်ဆိုတာ သူမမှတ်မိသေးသည်။ကြိုတင်ပြီးတော့ နူးနပ်တာမျိုးလဲမရှိဘဲနဲ့ ကိစ္စတစ်ခုလုံးကို အမှုမဲ့အမှတ်မဲ့ပဲလုပ်ခဲ့သည်။ဒါကြောင့် သူမရဲ့တစ်ခုတည်းသော ထင်မြင်ချက်က နာကျင်ရတာပဲဖြစ်ပြီး  ကိစ္စပြီးသွားတဲ့အခါမှာ ဒီယောကျာ်းက သတို့သမီးခန်းကနေထွက်မသွားခင် သူမကို တစ်ယောက်ထဲအိပ်စေခဲ့သည်။ထိုအချိန်က သူမသည် အလွန်စိတ်ပျက်ဝမ်းနည်းနေပြီး တစ်ခါတစ်ရံမှာ သူမက အဲ့ဒီအရာပေါ်မှာ ငြီးတွားနေမိသေးသည်။

ကံကောင်းစွာနဲ့ပဲ သူမက ကိုယ့်ကိုကိုယ် ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ အမြဲသိတယ်။စိတ်ဓာတ်တစ်ခါကျတိုင်းမှာ အကောင်းဆုံးနဲ့ဘယ်တော့မှမနှိုင်းသင့်ဘဲ အဆိုးဆုံးနဲ့သာ နှိုင်းယှဉ်သင့်တယ်။အနည်းဆုံးတော့သူမက ဝမ်ရယ်နဲ့အတူ တစ်ညတာမိုးရွာပြီး နှင်းရည်တွေနဲ့အတူရှိဖူးတယ်။တစ်ချို့ကိုယ်လုပ်‌တော်တွေဆိုရင် သူတို့ကိုယ်ကိုစိုစွတ်စေဖို့အတွက် မိုးရေတစ်စက်တောင်မရကြဘူး။အနောက်ခြံဝန်းမှာနေရတာက "အသက်ရှင်လျက်ရှိတဲ့မုဆိုးမ"တစ်ယောက်နဲ့အတူတူပဲဖြစ်ပြီး အဆိုးဆုံးထက်ပို‌ ကောင်းပေမယ့် ‌အကောင်းဆုံးထက်လည်းပိုဆိုးတယ်။ဒါကြောင့် သူမက စိတ်ပျက်လက်ပျက်ဖြစ်ရာကနေ အမြန်ပဲသက်သာရာရတယ်။

T/N(မိုးရွာတာနဲ့နှင်းရည်ဆိုတာက ကိုယ်လက်နှီးနှောတာကိုပြောတာပါ။မူစကူဒူးတာပေါ့။အဆိုးဆုံးထက်ပိုကောင်းပေမယ့် အကောင်းဆုံးထက်လည်းပိုဆိုးတယ်ဆိုတာက အကောင်းဆုံးနဲ့အဆိုးဆုံးကြားကနှိုင်းယှဉ်မှုတစ်ခုပဲဖြစ်ပါတယ်။အခြေအနေဆိုးတစ်ခုပေါ်မှာ မပျော်မရွှင်ဖြစ်နေတဲ့အချိန် နှစ်သိမ့်မှုတစ်ခုပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ပစ္စုပ္ပန်အခြေအနေကအဆင်မပြေပေမယ့် အဆိုးဆုံးအခြေအနေမှာရှိနေတဲ့လူနဲ့ယှဉ်လိုက်ရင် လက်ရှိအခြေအနေကသိပ်မဆိုးဘူးလို့ပြောချင်တာပါ။တစ်နည်းအားဖြင့်ပြောရရင် သူမတို့လိုကိုယ်လုပ်တော်တွေက မုဆိုးမတွေနဲ့တူပေမယ့် အပြင်မှာ သူမတို့ဘဝထက်ဆိုးတဲ့လူတွေအများကြီးရှိတာကြောင့် အခုလက်ရှိအနေအထားကိုကျေနပ်ရမယ်လို့ပြောတာပါ။တစ်နည်းဆိုရရင် ပိုင်ဆိုင်တဲ့အရာကို ကျေနပ်ရပါမယ်။)

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now