Chapter 3

895 49 0
                                    

Unicode

အသက်ရှင်ချင်တဲ့စိတ်ကြောင့် သူ့ကိုပတ်ထားတဲ့ ကြာပွတ်ကို ချက်ချင်းဆုပ်ကိုင်လိုက်သည်။သူ့ခြေထောက်နှစ်ဖက်စလုံးက ချောက်ကမ်းပါးရဲ့ အစွန်းထွက်နေသော ကျောက်ဆောင်များပေါ်မှာ လျှောက်လမ်းနေပြီး တစ်ချိန်ထဲမှာပဲ သူအားပြုဖို့အတွက် သူ့ဓားကို ထောက်ထားခဲ့သည်။သူအပေါ်တက်နေချိန် တစ်ဖက်လူကလည်း ကြာပွတ်ကိုဆွဲတင်ပြီး ကူညီပေးသည်။ကံကောင်းစွာနှင့်ပင် သူက အဝေးကြီးကို မကျသွားဘဲ ကျောက်တုံးများပေါ်ရှိ သစ်ကိုင်းများ၏ အကူအညီကိုယူကာ ဆုပ်ကိုင်ရင်း အပေါ်ကိုတက်သည်။နောက်ဆုံးတွက် သေမင်းကြားမှ အောင်မြင်စွာအ‌ေပါ်ကို တက်လာနိုင်ခဲ့သည်။

သူအပေါ်ကိုရောက်သွားတော့ မထိန်းထားနိုင်တော့ဘဲ မြေကြီးပေါ်မေ့လဲကျသွားသည်။သူမမေ့လဲခင်တွင် ထိုမိန်းမအသံကိုကြားရသည်။

"ဟေးး စစ်လျှို့ကျင်း ရှင်မမေ့လဲသွားနဲ့နော်။ကျွန်မရှင့်ကို မရွေ့နိုင်မှာစိုးတယ်..."

ဒီစိတ်ရှုပ်ဖို့ကောင်းတဲ့မိန်းမက သူ့ကိုကယ်ပြီးမှ ဘာလို့ ငြီးတွားနေရတာလဲ။

သူက မျက်လုံးများကိုမှိတ်လိုက်ပြီး ‌အမှောင်ထုထဲတွင် နစ်မြုပ်သွားသည်။

စစ်လျှို့ကျင်းသည် ရှုပ်ထွေးလှသော အိပ်မက်ကို မက်နေပုံရသည်။သူသည် သည်းမခံနိုင်ဘဲ မသက်မသာခံစားနေရသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲတော့မလို ခံစားနေရပြီး သူ့ကိုယ်အတွင်းပိုင်းတွင် မီးလောင်နေသကဲ့သို့ ပူလောင်ပြီး မသက်မသာဖြစ်စေသည်။အိပ်မက်ထဲတွင် တစ်ယောက်ယောက်က သူ့ကိုလာပြီး ထိနေပြီး ထိုသူထိလိုက်တဲ့နေရာတိုင်းသည် ခံစားရသက်သာသွားသည်။အဲ့ဒါက မိန်းမတစ်ယောက်ရဲ့လက်ဖြစ်ပုံရပြီး အဲ့ဒီမိန်းမဆီကအနံ့က သူ့ကို ပိုလိုစေချင်သည်။သူရဲ့တစ်ဖက်မှာရှိတဲ့ သူမရဲ့ နူးညံ့တဲ့ ကိုယ်လုံးလေးကို ခံစားနေရသည်။

မိန်းမ!!!သူ မိန်းမတွေကို လိုအပ်နေတာ!!!

"ဟေးး စစ်လျှို့ကျင်း! ထတော့! ဒါကနာတယ်..."

ပိုင်ယွီရှောင်းက သူမလက်သီးနှစ်ဖက်နဲ့ သူ့ခေါင်းကို ထုတော့တယ်။သူမက သူ့ကိုကူညီပြီး သူ့ဒဏ်ရာတွေကို ဆေးလိမ်းပေးနေတဲ့အချိန် သူကရုတ်တရက်ကြီး သူမကိုလှည့်ပြီး အောက်မှာဖိချပြီးတော့ စကားတစ်လုံးမှမပြောပဲ အကြမ်းပတမ်းနမ်းတော့တယ်။

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now