Chapter 4

825 44 0
                                    

Unicode

ဒါကနောက်ဆုံးတော့ ပြီးသွားခဲ့ပြီ။

ပိုင်ယွီရှောင်းက ငါးသေတစ်ကောင်လို ကုတင်ပေါ်မှာလှဲနေပြီး အိပ်ရာပေါ်ကိုမော့ကြည့်လိုက်သည်။ထို့နောက် သူမကိုယ်ပေါ်မှာ လှဲနေတဲ့ စစ်လျှို့ကျင်းကိုကြည့်လိုက်သည်။ဒီယောက်ျားက သူ့ကိစ္စပြီးသွားတော့ ကောင်းသွားပြီး မျက်လုံးများမှေးကာ အိပ်ပျော်သွားသည်။သူမကတော့ ရှုပ်ပွသွားတာတွေအတွက် သန့်ရှင်းရေးလုပ်ရဦးမည်။သူ့ခန္ဓာကိုယ်ပေါ်ကသွေးစတွေက သူမသူ့ကိုတတ်နိုင်သလောက်မြန်မြန် ဒဏ်ရာတွေကို ကုပေးရမယ်လို့သတိပေးလိုက်သည်။ဒါကြောင့် သူမက သူ့ကို ဂရုတစိုက်နှင့် ဘေးကိုပို့လိုက်သည်။

အရင်‌ဆုံး‌ သူမက ဘေးဘက်မှာရှိတဲ့ ရေချိုးခန်းကိုသွားပြီး သူမကိုယ်သူမ သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားလဲလိုက်သည်။ထို့နောက် သူ့ကို သန့်ရှင်းပေးရန် ပြန်သွားသည်။သူမကသူ့ကို အပ်စိုက်ပြီးတော့ သွေးထွက်တာကို တားပေး‌ထားပေမယ့် သေချာကုသမှုမခံယူဘူးဆိုရင် ဒါက ဆိုးရွားလာလိမ့်မည်။

သူမစံအိမ်တော်မှာနေစဉ်ကဆိုရင် သူမကအမြဲတမ်း ကောင်းကောင်းအိပ်၊ကောင်းကောင်းစားရပြီး ကောင်းကောင်းနေရသည်။ဝမ်ရယ်ကအမြဲတမ်း  အတွင်းဆောင်က အမျိုးသမီးတွေကို ရက်ရောသည်။နှစ်သစ်ကူးကာလများတွင် ဆုလက်ဆောင်များနှင့် စာအိတ်နီများကို မနည်းပေးသည်။သူမနဲ့ဝမ်ရယ်သည် တော်ဝင်စံအိမ်အပြင်ဘက်တွင် အကြိမ်ပေါင်းများစွာ တွေ့ဖူးသည်။သူမကအမြဲတမ်း လူအုပ်ထဲကနေ တိတ်တိတ်လေးနဲ့ သူမြင်းစီးတာကို သဘောတကျကြည့်နေလေ့ရှိသည်။သူမမှာ သူနဲ့ပတ်သက်ပြီး အထွန့်တက်စရာဘာမှမရှိပေ။အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သူမ၏ ရွေးချယ်မှုသာဖြစ်သည်။သူမသည် ပြတ်သားပြီး သဘောထားကြီးသည်။အရေးမပါသည့်ကိစ္စများအတွက် သူမအချိန်ကို ဖြုန်းမည်မဟုတ်ပေ။ထို့အပြင် သူမသည် လျှို့ဝှက်စုံစမ်းရေးမှူးဖြစ်သည်။ထိုဟာကသူမရဲ့ ကိုယ်ပိုင်ကမ္ဘာနဲ့ အတွေးအမြင်တွေရရှိစေသည်။သူမက မင်းသားစံအိမ်တော်ကို ကိုယ်လုပ်တော်တစ်ယောက်အဖြစ်မဝင်ခင်ထဲက သူမက နှလုံးသားမရှိတဲ့ ယောကျာ်းကိုချစ်မိသွားတယ်ဆိုတာ နားလည်သည်။ဒါကြောင့် သူမက ဘာမှပို၍ တောင်းဆိုတော့မည်မဟုတ်ပေ။

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Hikayelerin yaşadığı yer. Şimdi keşfedin