Chapter 1

1.3K 65 0
                                    

Unicode

တောထဲတွင် စစ်လျှို့ကျင်းသည် သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များကို ခံနိုင်ရည်ရှိအောင် ပြင်းပြင်းထန်ထန် ဖိနှိပ်ထားသည်။လက်တစ်ဖက်ကို သူ၏ဝမ်းဗိုက်ပေါ်က ဒဏ်ရာနက်အားဖိထားပြီး ကျန်လက်တစ်ဖက်က ဓားလက်ကိုင်ကိုဆုပ်ကိုင်ကာ ကြမ်းတမ်းသောတောင်ပေါ်လမ်းတွင် တုန်ရီနေသည်။သူ၏ ဒဏ်ရာက သွေးများစီးကျလာသည်နှင့်အမျှ သူ့လက်ထဲက ဓားကနေသွေးများသည် လမ်းတစ်လျှောက် ယိုစီးကျလာသည်။သူသည် ဒဏ်ရာရရုံသာမက အဆိပ်လည်းအခပ်ခံခဲ့ရသည်။သူ၏ လှပသောမျက်လုံးတစ်စုံသည် ပုံမှန်အားဖြင့် ထက်ထက်မြတ်မြတ်နှင့် တောက်ပနေသော်လည်း ၎င်းကို ဆုံးရှုံးသွားပြီး သူ၏ အမြင်အာရုံသည် အနက်ရောင်အလွှာတစ်ခုဖြစ်နေသည်။

မြို့တော်ကနေ ထွက်ခွာပြီး သုံးရက်အကြာတွင် သူ ခြုံခိုတိုက်ခိုက်ခံရသည်။စစ်လျှို့ကျင်းကို သေဆုံးတာ သေချာစေဖို့အတွက် တစ်ဖက်လူသည် လူသတ်သမား အယောက်တစ်ရာကျော်ကို စေလွှတ်၍ သတ်ခိုင်းသည်။သူ့တွင် စစ်သည်အယောက် သုံးဆယ်သာပါသွားခဲ့သည်။တိုက်ခိုက်ချိန်တွင် သူ့ဘေးရှိ ကိုယ်ရံတော်စစ်သည်များသည် သူ့အား အပြင်းအထန်တိုက်ခိုက်ခံရခြင်းမှ အစွမ်းကုန်ကာကွယ်ပေးခဲ့သည်။သူ၏ ရဲရင့်သော စစ်သည်တော်များသည် ၎င်းတို့၏ အရည်အချင်းဖြင့် လုပ်ကြံသူများအား ပိတ်ဆို့ကြသည်။သို့သော် သူတို့သည် များပြားလှသော ရန်သူများ၏ ဝိုင်းရံတိုက်ခိုက်မှုကို မခုခံနိုင်တော့ဘဲ မောပန်းနွမ်းနယ်လာကြသည်။လုပ်ကြံသူများ အရေအတွက် များလာသည်နှင့်အမျှ သူတို့ရှုံးနိမ့်ကာ ပြန်လည်ဆုတ်ခွာလာရသည်။

စစ်လျှို့ကျင်းသည် သူ၏ဘေးနားတွင် သစ္စာဖောက်တစ်ယောက်ရှိသည်ကို သိသည်။သူသည် ဧကရာဇ်ကိုယ်စား ရသေ့ထံသို့ သွားရောက်ရန် လျှို့ဝှက်အမိန့်ရထားသည်။သူသည် သူတို့၏ တည်နေရာကို ဖုံးကွယ်ရန်အတွက် တရားဝင်လမ်းမကြီးများကနေသွားခြင်း၊အစိုးရရုံးနေရာများ၌တည်းခိုခြင်း၊အစိုးရဌာနများဖြင့် ဆက်သွယ်ခြင်းများကို ရှောင်ကြဉ်၍ ပုံဖျက်၍ ထားခဲ့သည်။မ‌မျှော်လင့်ဘဲနှင့် လုပ်ကြံခံရသည်။

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now