Chapter 12

670 58 2
                                    

Unicode

Chapter 12

ကျောက်လုနဲ့ရွှမ်အာက လှည့်ကြည့်လိုက်ပြီး ရောက်လာတဲ့လူက ဝမ်ရယ်ဖြစ်နေတာမြင်တော့ အံ့ဩသွားကြသည်။သူတို့ကချက်ချင်းပဲ ကျောက်ခုံပေါ်ကထကာ ဝမ်ရယ့်ကိုအမြန် ဒူးထောက်ပြီး နှုတ်ဆက်လိုက်သည်။

ထိုင်ခုံပေါ်မှာလှဲနေတဲ့ပိုင်ယွီရှောင်းလည်းပဲ လန့်သွားသည်။သူမက မြန်မြန်ပဲ ပျင်းနေတဲ့ပုံစံနဲ့စိတ်အေးလက်အေးရှိနေတဲ့ပုံကိုဖျောက်ကာ ထိတ်လန့်နေတဲ့ပုံဟန်ဆောင်လိုက်သည်။သူမလည်း အစေခံတွေလုပ်သလို ဝမ်ရယ်ကိုအရိုအသေပြုဖို့အတွက်ထိုင်လိုက်သည်။

"ဒီကိုယ်လုပ်တော်က ဝမ်ရယ်ကို နှုတ်ဆက်ပါတယ်"

သူမက ခေါင်းကို တော်တော်လေးငုံ့ထားပြီး တစ်ချိန်ထဲမှာပဲ သူကဘာလို့ရုတ်တရက်ကြီးရောက်လာရတာလဲဆိုတာ အံဩနေသည်။

စစ်လျှို့ကျင်းကဖြည်းဖြည်းချင်း ခြေလှမ်းသွားပြီး ပိုင်ယွီရှောင်းရှေ့မှာရပ်လိုက်သည်။

သူမရှေ့မှာ ရွှေချည်ထိုးထားတဲ့ဘွတ်ဖိနပ်အမည်းရောင်တစ်စုံလာရပ်တာကိုမြင်လိုက်ရပြီး သူမကိုကြည့်နေတယ်ဆိုတာ ခံစားမိနေသည်။

ဒီလူက ဘာလို့ရုတ်တရက်ကြီး ဝူထုန်ခြံဝင်းမှာရှိနေရတာလဲ?သူအရမ်းအလုပ်များနေတာမဟုတ်ဘူးလား?"

စစ်လျှို့ကျင်းက စားပွဲပေါ်ကစားလို့ပြီးခါနီးနေပြီဖြစ်တဲ့ အေးဖရဲသီးကိုကြည့်လိုက်သည်။ထို့နောက် ပိုင်ယွီရှောင်းကိုတစ်ဖန်ပြန်ကြည့်လိုက်သည်။

"ထတော့"

"ကျေးဇူးတင်ပါတယ် ဝမ်ရယ်"

ကျောက်လုနဲ့ရွှမ်အာက သူတို့သခင်မလေးနောက်ကို အတူတူရပ်ဖို့ နောက်ဆုတ်လိုက်ကြပြီး ခေါင်းငုံထားကာ တစ်ခွန်းမှမပြောရဲကြပေ။

ပိုင်ယွီရှောင်းကနည်းနည်းလေးတော့စိုးရိမ်သွားတယ်။

ဝမ်ရယ်က ဘယ်အချိန်တုန်းထဲက ရောက်နေတာလဲ??

သူမက အရမ်းသတိမဲ့သွားတာပဲ!!!သူမက သူ့အသက်ရှုသံကနီးနီးလေးမှာကိုတောင်မသိဘူး ပြီးတော့လည်း ဝမ်ရယ်က ဘယ်လောက်အထိများပြောတာတွေကြားသွားတာလဲဆိုတာမသိဘူး။ဒီကိစ္စကို သူမေးလာတဲ့အခါ သူမဘာလုပ်သင့်လဲ?ကိစ္စက ဒီအဆင့်ထိဖြစ်လာမှတော့ ဖြစ်လာတဲ့လှုပ်ရှားမှုတိုင်းကို တုံ့ပြန်ဖို့ပဲရှိတော့တယ်။

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now