Chapter 11

618 55 0
                                    

Unicode

Chapter 11

ထိုအချိန်မှာပဲ ရွှမ်အာက အပြင်ကနေဝင်လာပြီးတော့ နင်းမုန့်ယောင်ကအမြန်ပဲ သူမတင်ပါးကိုဘေးကိုအသာရွေ့ကာ ရွှမ်အာကိုလာထိုင်ခိုင်းလိုက်သည်။

"ရွှမ်အာ ငါတို့နင့်ကိုစောင့်နေတာ!!သခင်မလေးကငါတို့ကို ဖရဲသီးဆုချထားတယ်!မြန်မြန်လာပြီး သခင်မလေးကိုကျေးဇူးတင်လိုက်!"

ရွှမ်အာက ဝင်ဝင်လာချင်းမှာပဲ ဖရဲသီးစိတ်အကြီးကြီးကိုတွေ့တာကြောင့် သူမက တအားကိုအံ့ဩသွားမိသည်။ကျောက်လုရှင်းပြတာကိုနားထောင်လိုက်တော့မှ ထိုဖရဲသီးကသခင်မလေးစံအိမ်အပြင်ဘက်ကယူလာတာဖြစ်နေသည်။ရွှမ်အာက သခင်မလေးကို ကျေးဇူးတင်ကြောင်း မြန်မြန်အရိုအသေပြုလိုက်ပြီး ထိုင်ခုံမှာထိုင်ကာ ဖရဲသီးစိတ်ကိုယူလိုက်ပြီး ပျော်ရွှင်စွာနဲ့ကိုက်စားတော့သည်။

"သခင်မလေးနောက်ကိုလိုက်ရတာကပိုကောင်းတယ်။တစ်ခြားခြံဝင်းတွေဆိုရင် အေးဖရဲသီးအတွက်နဲ့ စကားများနေကြတာ"

"အို.!!ဘာဖြစ်တာလဲ"

အဲ့ဒီအတင်းအဖျင်းကိုကြားလိုက်ရတော့ ပိုင်ယွီရှောင်းမျက်လုံးတွေက အရောင်လက်သွားသည်။

သူမပဲ အလုပ်ရှုပ်နေတာမဟုတ်ပဲနဲ့ သူမရဲ့အစေခံနှစ်ယောက်ပါ အလုပ်ရှုပ်နေတာဖြစ်သည်။ကျောက်လုက သူမရဲ့ပုံစံကိုသခင်မလေးနဲ့တူအောင်ပြောင်းပြီး ခြံဝင်းကိုစောင့်ကြည့်ရင်းအလုပ်များနေသလို ရွှမ်အာက အတွင်းဆောင်က ကိုယ်လုပ်တော်တွေအချင်းချင်းတိုက်ခိုက်ကြတာ သတင်းနဲ့ အတင်းအဖျင်းတွေကို နားထောင်ပြီး စုဆောင်းရင်းအလုပ်များနေသည်။

"ရွှမ်အာ သခင်မလေးကိုအဲ့အကြောင်း မြန်မြန်ပြောပြလိုက်"

ကျောက်လုကလည်းသိချင်နေသည်။ရွှမ်အာက သတင်းစုဆောင်းတဲ့နေရာမှာတော်ပြီး ပုံပြင်ပြောသလိုကျွမ်းကျင်တာကြောင့်လည်းဖြစ်သည်။

ကိုယ်လုပ်တော်နဲ့အစေခံနှစ်ယောက်က ဖရဲသီးစားရင်း ဖရဲသီးကိစ္စကိုအတင်းတုပ်နေကြတဲ့အချိန် တစ်ခြားတစ်ဖက်မှာတော့ စစ်လျှို့ကျင်းရဲ့စိတ်အခြေအနေကဆိုးရွားနေသည်။အဓိကခြံဝင်းကိုခစားနေတဲ့ အိမ်တာ်ထိန်း၊ဘဏ္ဌာစိုးနဲ့ အစေခံတွေက ဒီရက်တွေမှာ ဝမ်ရယ် စိတ်အခြေအနေမကောင်းတာကို သိကြသည်။လူတိုင်းက ဝမ်ရယ်ကတိုင်းရေးပြည်ရာကိစ္စတွေကြောင့် စိတ်တိုနေတယ်လို့ထင်ထားကြပေမယ့် ဘယ်သူမှမသိတာက လင်ဝမ်စိတ်တိုနေရတာက လွန်ခဲ့တဲ့နှစ်လအတွင်းရွှေ့အာကို အရိပ်အယောင်တောင်ရှာမတွေ့လို့ဖြစ်သည်။

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now